ကိုဗစ်ကြောင့် နှောင့်နှေးကြန့်ကြာနေတာပါ။

ဝိုင်းလေးဟာ သူ့ရဲ့ တေးသီချင်းထုတ်လုပ်မှုတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ JDOUBLE ENTERTAINMANT နဲ့ လက်တွဲလုပ်ဆောင်သွားမှာပါ။ 

Photo: Wyne Lay



ဝိုင်းလေးကတော့ သူ့ရဲ့ အနုပညာအလုပ်တွေကို တောင်ကိုရီးယားနိုင်ငံက JDOUBLE ENTERTAINMENT နဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကိုတော့ ၂၀၂၁ ခုနှစ်မှာ စပြီး လုပ်ဆောင်သွားမှာပါ။ 

" ဝိုင်းရဲ့ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုများ ပိုမို လုပ်ကိုင်နိုင်ရန် Korea မှ JDOUBLE ENTERTAINMENT နဲ့အတူတူ တေးသီချင်းထုတ်လုပ်မှုများနှင့် အခြားသော အနုပညာလုပ်ငန်းများစွာအတွက် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ရှင့်။ မျှော်လင့်မထားတဲ့ Covid အခြေနေကြောင့် အချိန်တစ်ခုထိစောင့်ဆိုင်းနေခြင်းဖြစ်ပြီး 2021 မှ စတင်ကာ အခွင့်ရေးရနိုင်သမျှ ကြိုးစားတင်ဆက်သွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော်ပေးကြပါနော်။ ဝိုင်းလေး အကောင်းဆုံး ကြိုးစားနေပါတယ်ရှင့်" ဆိုပြီးတော့ နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo: Wyne Lay

ဝိုင်းလေးဟာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ASEAN FANTASIA CHANGWON ပွဲမှာလည်း မြန်မာနိုင်ငံကိုယ်စားပြု အဆိုတော် တစ်ယောက်အနေနဲ့ ပါဝင်သီဆိုဖျော်ဖြေခဲ့ပါတယ်။ဒါ့အပြင် ဝိုင်းလေးဟာ လူကြိုက်များပြီး ပရိသတ်အားပေးမှု အများကြီးရထားတဲ့ နာမည်ကျော် ကိုရီးယားသီချင်းလေးတွေကိုလည်း Cover Song တစ်ခုအနေနဲ့ ပြန်လည် သီဆိုထားတာကိုလည်း တွေ့ရပါတယ်။ သူမဟာ ဂီတကို ဝါသနာပါရုံသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ " အိပ်မက်ကာရန်" ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း သရုပ်ဆောင် နေတိုး၊ နီနီခင်ဇော်တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ 

Photo: Wyne Lay

ဝိုင်းလေးဟာ Miss Myanmar World ရဲ့ အလှမယ်တစ်ဦးဖြစ်သလို ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင် တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော် အခွေဖြစ်တဲ့ "Selfie" တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာပါ။ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ကြိုးစားနေသူဖြစ်သလို မကြာခဏ Single Songe အသစ်လေးတွေနဲ့ မကြာခဏ ထွက်ရှိတတ်သူတစ်ယောက်ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က