တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုကို ပြည်မြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

UEC ကိုအလိုမရှိ၊ တာဝန်ကနေ နုတ်ထွက်ပေးဆိုတဲ့တောင်းဆိုချက်တွေနဲ့ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ နိုဝင်ဘာလ၂၅ ရက်နေ့ မနက်ပိုင်းက ပြည်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

Photo: Chit Chon Cho

ဆန္ဒထုတ်ဖော်ရာမှာ UEC အလိုမရှိ ၊UEC နုတ်ထွက်ပေးရေး၊မဲလိမ် မဲခိုးအစိုးရအလိုမရှိ၊ တရားမျှတမှုမရှိသော ရွေးကောက်ပွဲအလိုမရှိ အစရှိတဲ့ စာသားပါ ဗီနိုင်းကိုကိုင်ဆောင်ပြီး ပြည်မြို့အတွင်း ခြေလျင်လှည့်လည်ခဲ့တာဖြစ်ပါတယ်။ "UEC ရဲ့မသမာမှုလုပ်ရပ်တွေကိုမှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့တောင်းဆိုခြင်းဖြစ်တယ်။ကြိုတင်မဲပေးတာမှာ အသက်၆၀ကျော်တွေကို မဲထည့်ခိုင်းတယ်ဒါပေမယ့် လက်မှာမင်မစွန်းခဲ့ဘူး။ ဒီလူတွေက နောက်တစ်ကြိမ် မဲလာမပေးဘူးလို့ဘယ်သူ့မှအာမခံမထားဘူး။နောက်ပြီးUEC ချို့ယွင်းချက်အများကြီးတွေ့ခဲ့ရတယ်။UEC အနေနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ပေးဖို့လိုအပ်ပါတယ်။ UECရဲ့ဥပဒေအပေါ်ကိုင်တွယ်မှုအင်မတန်မှလိုအပ်တာကိုတွေ့ရှိရတယ်။ ဒါကြောင့် UEC ကိုနုတ်ထွက်ပေးဖို့ဆန္ဒထုတ်ဖော်တောင်းဆိုခြင်းဖြစ်တယ်၊ကျွန်တော်တို့ပြည်သူဘယ်လောက်အော်အော် သူတို့အနေနဲ့ဆုံးဖြတ်ပေးနိုင်မယ်လို့ မယုံကြည်ပါဘူး။ ဒါပေမယ့် အမှန်တရားတွေကို ပြည်သူတွေသိရှိနိုင်ဖို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်။"လို့ တစ်ကိုယ်တော် ဆန္ဒပြ တောင်းဆိုသူ ကိုအောင်ဝင်းနိုင်ကပြောပါတယ်။



Photo: Chit Chon Cho

တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်ဖို့ဆိုတာ UEC ရဲ့တာဝန်ဖြစ်ပေမယ့် UEC ကတော့ မဲစာရင်းအပေါ် မှန်ကန်မှုရရှိအောင်မစစ်ဆေးနိုင်ခြင်း၊ မဲမသမာမှုတွေကို မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ဆုံးဖြတ်မှုမပေးနိုင်ခြင်းတွေရှိခဲ့ကြောင်းနဲ့ အဲ့ဒီအရာတွေကို မှန်ကန်စွာ မလုပ်နိုင်ပါကတာဝန်ကနေနုတ်ထွက်ပေးဖို့ ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒထုတ်ဖော်တောင်းဆိုတာဖြစ်တယ်လို့ပြောပါတယ်။

ဆန္ဒထုတ်ဖော်မှုကို တစ်ကိုယ်တော်ပြုလုပ်ခဲ့တာဖြစ်ပေမယ့်ပြည်မြို့လယ်ကဗိုလ်ချုပ်အောင်ဆန်း ကျောက်ရုပ်အနီးအရောက်မှာတော့ ဝန်းရံသူ၊ ထောက်ခံသူတွေက ကြိုဆိုကြပြီး ပန်းစည်းတွေပေးခဲ့တာကြောင့် လူဦးရေ ဆယ်ဂဏန်းအထက်ရှိခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။ 

Share

က္က