ကိုဗစ်ကာကွယ်ရေးအစီအစဉ်အတွက် လှူဒါန်းနေတာဖြစ်ပါတယ်။

နေခြည်ဦးကတော့ သူမရဲ့ ဒုတိယမြောက် အလှူအစီအစဉ်လေးကို ဖောင်ကြီးကိုဗစ်စင်တာ၊ ဧရာဝတီ စင်တာနဲ့ စားဝတ်နေရေး မပြေလည်တဲ့ အိမ်ထောင်စုတွေအတွက် အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Nay Chi Oo



နေခြည်ဦးကတော့ She Shines Jewelry နဲ့ လက်တွဲပြီး ဒုတိယမြောက် အလှူအဖြစ် ဖောင်ကြီး ကိုဗစ်စင်တာ၊ဧရာဝတီ စင်တာနဲ့ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ပုလဲမြို့သစ်ရှိ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေတဲ့ အိမ်ထောင်စုဝင်တွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ပါတယ်။ ကိုဗစ်ကာလမှာ ကိုယ်တိုင် လှူခွင့်ရတဲ့ အလှူလေးဖြစ်လို့ နေခြည်ဦးက အခုလို ပီတိစကားဆိုထားပါသေးတယ်။

" She Shines Jewelry နဲ့ နေခြည်တို့ရဲ့ ဒုတိယမြောက် အလှူအဖြစ် မနေ့က ဧရာဝတီ Covid 19 ကုသရေးစင်တာ လိုအပ်တဲ့နေရာတွေအတွက် အလှူငွေ သိန်း ၁၀၀ ၊ ဖောင်ကြီး Covid 19 ကုသရေးစင်တာ အတွက် ၁၂ သိန်းတန် Oxygen Concentrator (10L) ၉ လုံး နဲ့ ပုလဲမြို့သစ် လူနေအိမ်ထောင်စုဝင်တွေ အတွက် ဆန်၊ဆီ၊ကြက်ဥ၊ငါးသေတ္တာ စတဲ့အခြေခံစားသောက်ကုန် သိန်း(၃၀)ဖိုး 

စုစုပေါင်း (၂၃၈) သိန်းကို မနေ့ကသွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။ အလုပ်မအားတဲ့ကြား ဧရာဝတီ ကိုဗစ် center ကော ဖောင်ကြီး Covid center ပါ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့တာတော့ တကယ့်ကို အမှတ်တရပါပဲ" ဆိုပြီးတော့ နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လယ် (၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Nay Chi Oo

နေခြည်ဦးဟာ She Shines Jewelry နဲ့ လက်တွဲပြီး Online Sale လုပ်ခဲ့ရာမှ ရရှိလာတဲ့ အမြတ်ငွေကြေးတွေထဲကနေ အလှူအတန်းတွေ လုပ်ဖို့ ငွေကျပ်သိန်း(၁၀၀၀) Project ဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူမရဲ့ပထမဆုံးအကြိမ်အလှူကိုတော့ ရန်ကုန်ဆေးရုံကြီးနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့မှာ သွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ နေခြည်ဦးရဲ့ အလှူနဲ့ ပတ်သက်ပြီး သူမကို ချစ်ခင်အားပေးကြတဲ့ ချီလီတွေကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Nay Chi Oo

လက်ရှိမှာတော့ နေခြည်ဦးဟာ Beautybynaychi Facebook Page မှာလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် အလှအပရေးရာတွေ မျှဝေနေတာတွေ့ရပါတယ်။ သူမက Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က