ပရိသတ်တွေအတွက် ဆုတောင်းပေးခဲ့ပါတယ်။

အဆိုတော် မနောကတော့ အလုပ်တွေအားတဲ့အချိန်မှာ ဘာသာရေးအကျိုးပြုဆောင်ရွက်ရင်း ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ 

Photo: Kabar Soe San



မနောဟာ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ဇီးကန်ကျေးရွာမှာ သာသနာပြုခဲ့တာကို တွေ့ရပါတယ်။ သူဟာ ကျွန်းဦး ပရိယတ္တိစာသင်တိုက်မှာ (၁၀) ရက်အကြာ တရားအားထုတ်ခဲ့တယ်လို့ဆိုပါတယ်။ 

" မင်္ဂလာပါ (၇)ရက် သားသမီးအားလုံးချမ်းသာ၊ ကိုယ်စိတ်မြဲပါစေနေ့စဉ် ဆုမွန်ကောင်းတောင်း

ပြီးမေတ္တာပို့ပေးပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဇီးကန်ကျေးရွာ၊ ကျွန်းဦး ပရိယတ္တိစာသင်တိုက်မှာ (၁၀) ရက်တာ ရဟန်းဝတ်ခဲ့ပါတယ်။ တစ်နေ့ကုန်ပြန် ငါ့ရုပ်နာမ် သေရန်တစ်နေ့နီးခဲ့ပြီ" ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းက အမှတ်တရ ဓာတ်ပုံလေးတွေတင်ရင်း ပရိသတ်ကို အသိပေးလိုက်တာပါ။ 

Photo: Kabar Soe San

မနောကိုတော့ ပရိသတ်တွေက ‘’မိချောရေ’’၊ ‘’ဗိုလ်အောင်ဒင်’’ သီချင်းတွေကနေတဆင့် ပရိသတ်စတင်သိရှိခဲ့တာပါ။ ဒီသီချင်းတွေကလည်း ကလေးတိုင်းသာမက၊ လူကြီး၊ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာပါ ရေပန်းစားခဲ့တဲ့ သီချင်းပါ။ သူ သီဆိုထားတဲ့ ‘’မိချောရေ’’ သီချင်းကလည်း သင်္ကြန်ရောက်ပြီဆိုရင် မဖြစ်မနေ ဖွင့်ရတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်လို့နေပါပြီ။ 

Photo: Kabar Soe San

မနော( Ma Naw)ဟာ မြန်မာသံစဉ်တေးသီချင်းတွေကို မြူးမြူးကြွကြွ သီဆိုလေ့ရှိတဲ့ အဆိုတော်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါတယ်။ ကိုဗစ်ကာလမှာလည်း သူတတ်နိုင်သလောက် အလှူအတန်းတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က