ဒီနေ့က သူမရဲ့ မွေးနေ့လေးပါ။

ဒီနေ့မှာ အသက်(၁၈) နှစ်ပြည့်ပြီဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးအတွက် မေမေခိုင်သင်းကြည်က မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ 

Photo: Amazing Grace



ဒီနေ့ကတော့ ကိုခန့်နိုင် နဲ့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ရဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးရဲ့ အသက်(၁၈) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ သမီးဖြစ်သူအတွက် မိဘနှစ်ပါးက မွေးနေ့ ကိတ်လေးကို အတူတူခွဲရင်း ဆုတောင်းစကားလေး ဆိုထားပါသေးတယ်။ 

" Happy Birthday မေမေ့အချစ်ဆုံးလေး။ လွန်ခဲ့တဲ့(၁၈) နှစ်ကဒီလိုညသန်းခေါင်အချိန်ကြီးမှာရေမွှာတွေပေါက်လို့ရင်တုန်ပန်းတုန်နဲ့ဆေးရုံကိုပြေးပြီးအသဲအသန်ပြာယာခတ်မွေးခဲ့ရတဲ့မေမေ့သမီးလေးကအခုဆိုရင်မေမေ့ရဲ့ဘဝမေမေ့ရဲ့အနာဂါတ်အလင်းရောင်လေးဖြစ်နေပါပြီ။ ၁၈နှစ်ပြည့်မွေးနေ့ကစပြီးအရင်ကထက်ပိုသိတက်လိမ္မာပြီးပိုတော်တဲ့သမီးလေးဖြစ်ပါစေ၊ ဖေဖေမေမေအားကိုးရတဲ့သမီးလေးဖြစ်ပါစေ၊ ဘာသာတရားကိုင်းရှိုင်းပြီးကိုယ်ကျင့်တရားကောင်းမွန်တဲ့အမျိုးကောင်းသမီးလေးဖြစ်ပါစေ၊ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့လည်းပြည့်စုံပါစေသဲလေးရေ" ဆိုပြီးတော့လည်း နိုဝင်ဘာလ (၂၆) ရက်နေ့မနက် ၁၂ နာရီမထိုးခင်ကတည်းက ဆုတောင်းပေးထားတာပါ။ 

Photo: Amazing Grace

စံထိပ်ထားဦးဟာ မွေးနေ့အကြို အလှူအဖြစ် နိုဝင်ဘာလ ၂၄ ရက်နေ့တုန်းက မြောက်ဥက္ကလာမြို့နယ်မှာရှိတဲ့ ဝေဘာဂီအထူးကု ဆေးရုံကြီးမှာ ငွေကျပ်(၁၈) သိန်း လှူဒါန်းခဲ့ပါသေးတယ်။ သူမရဲ့ အလှူအတွက် ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်ခဲ့ကြပြီး သာဓုခေါ်ဆိုခဲ့တဲ့ အပြင် မွေးနေ့ အကြို ဆုတောင်းလေးတွေလည်း ပြောခဲ့ကြပါသေးတယ်။ 

Photo: Amazing Grace

စံထိပ်ထားဦးကိုတော့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ သမီးလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူမကိုတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေ မတွေ့ရသေးပါဘူး။လက်ရှိမှာတော့ ပညာရေးကို ဦးစားပေးနေရသူဖြစ်တဲ့အတွက် အနုပညာအလုပ်လေးတွေ ခဏရပ်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အနုပညာနဲ့ ပတ်သက်ပြီး မိခင်နဲ့အတူ ကြော်ငြာလေးတွေ ရိုက်ထားပါတယ်၊ သူတစ်ယောက်တည်း ရိုက်ထားတဲ့ ကြော်ငြာလေးတွေလည်းရှိလို့နေပါပြီ။ မေမေခိုင်သင်းကြည်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေရှိသလို စံထိပ်ထားဦးကို ချစ်ခင်အားပေးလာတဲ့ ပရိသတ်တွေကလည်း အများကြီးရှိလို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က