ပရဟိတအလုပ်နဲ့ပတ်သက်လာရင် လက်မနှေးကြတဲ့ သရုပ်ဆောင် ရတနာခင်နဲ့ ခင်ပွန်းဖြစ်သူ တို့ဟာ အိမ်ထောင်သက်တမ်း (၁၅) နှစ်ပြည့်ပြီလို့ သိရပါတယ်။
Photo: Yadanar Khin
သရုပ်ဆောင် ရတနာခင်ကတော့ ခင်ပွန်းဖြစ်သူ ကိုစိုးလှိုင်ဦးနဲ့ အိမ်ထောင်သက်တမ်း(၁၅) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးကို အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့တာပါ။
" 15 years Anniversary (25.11.2020) ဒီနှစ်မှာ မင်္ဂလာနှစ်ပတ်လည်အမှတ်တရလေး ဖြစ်အောင် မဟာမြိုင်တောရ မှာဆောက်လုပ်နေတဲ့ ဇီဝိတဒါနသံဃာ့ဆေးရုံအတွက် အလှူတစ်ခု ပြုခဲ့ပါတယ်" ဆိုပြီးတော့ နိုဝင်ဘာလ (၂၅) ရက်နေ့ ည (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Yadanar Khin
သရုပ်ဆောင် ရတနာခင်ဟာ ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ ကိုစိုးလှိုင်ဦးနဲ့အတူ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ (၂၅) ရက်နေ့မှာ မင်္ဂလာပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သားကြီး ဇွဲဦးထက်၊ သားလတ် ထွဋ်မြတ်ဦး နဲ့ သားငယ်လေး ကောင်းဆက်ဦး စတဲ့ သား(၃) ယောက်ကို ပိုင်ဆိုင်ပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထားတာပါ။
Photo: Yadanar Khin
ရတနာခင်ကိုတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ခန္ဓာကိုယ် လှလှလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ တီဗီကြော်ငြာတွေ၊ ပြက္ခဒိန်တွေလည်း အများကြီးရိုက်ကူးခဲ့သူဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေလည်းအများကြီး ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးတဲ့ နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးသွားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် သူမတို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင် စီးပွားရေးအလုပ်ကိုလည်း တက်ညီလက်ညီ လုပ်ကိုင်နေပါတယ်။ အဲဒီနောက် ပရဟိတအလုပ်တွေလည်း အဆက်မပြတ် လုပ်ကိုင်နေသလို ထမင်းတစ်နပ်စား(၅၀၀) ကျပ် နဲ့ ရွှေထမင်းဆိုင်ကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။