ဖျော်ဖြေပွဲတစ်ခုမှာဆုံတွေ့ခဲ့စဉ်ကနေ အခုချိန်ထိ အမှတ်တရလေးတွေကို ပြန်ပြောလာပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ Snare အဖွဲ့သားတွေနဲ့ စတင်တွေ့ဆုံခဲ့ချိန်ကနေ စပြီး အခုချိန်ထိ ဂီတအလုပ်တွေ လက်တွဲလုပ်လာတဲ့အပေါ် အမှတ်တရတွေ ပြောပြခဲ့ပါတယ်။ 

photo: Sai Sai Kham Hlaing



စိုင်းစိုင်းကတော့ ဂီတညီအစ်ကို၊သူငယ်ချင်းတွေနဲ့ အတူ အမှတ်တရတွေ အများကြီးရှိခဲ့သူ တစ်ယောက်ပါ။ ဒီလိုပဲ သူ့ရဲ့ အမှတ်တရတွေထဲမှာ Snare အဖွဲ့က နေဝင်းနဲ့ ဖြိုးလေးတို့လည်း ပါဝင်လာကို တွေ့ရပါတယ်။ Snare အဖွဲ့သားတွေနဲ့ စိုင်းစိုင်း နဲ့ တစ်ချိန်က အမှတ်တရလေးတွေကို စိုင်းစိုင်းခမ်းလှိုင်က အခုဆိုပြောပြလာပါတယ်။  

“ နေဝင်းကို ပထမဆုံးတွေ့ဖူးတာက Strand Hotel ပွဲ တစ်ခုရဲ့ အနောက်ဘက်လှေကားမှာ ကျွန်တော့်ကို ဘုကြည့်ကြည့်နေတာပဲ သူတော့မှတ်မိမယ်မထင်ဘူး။ ဖြိုးလေးကိုတော့ မိုးမိုးရဲ့ ဧရာဝတီလမ်းအိမ်မှာ သူတို့ မုံရွာသား Rapper ဆိုပြီး မိတ်ဆက်ပေးတာ ၊ နောက်တော့ ကျွန်တော်သရုပ်ဆောင်တဲ့ သိကြားမင်း.com ရုပ်ရှင်ရိုက်ကွင်းမှာ Snare တဖွဲ့လုံးနဲ့ စပြီးခင်ပါတယ် ဇာတ်ကားမှာ Rapper ပေါက်စတွေအဖြစ်နဲ့ ကျော်သူစိုးက တဆင့် လာရောက်ပါဝင်ကူညီပေးတာပါ။ အဲဒီလိုနဲ့ပဲ တစ်ရက်တော့လူငယ်လေး လေးယောက်ကျွန်တော့်အိမ်ကို အခွေထုတ်ကြမယ်ဆိုပြီးရောက်လာကြတယ်။ နောက်တော့လည်း မျောသွားပြန်ရော” ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ 

photo: Sai Sai Kham Hlaing

အဲဒီနောက် Snare အဖွဲ့ရဲ့ ဂီတဖန်တီးမှုတွေ၊ တစ်ဖက်သားအပေါ် ရိုင်းပင်းကူညီချင်စိတ်တွေ အပေါ် စိုင်းစိုင်းခမ်းလှိုင်က သဘောကျခဲ့မိတယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ခုနှစ်မှာ Snare အဖွဲ့ရဲ့ Rap Game ဆိုတဲ့မိတ်ဆက် အခွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကလည်း “ ဒိန်းဂျား” သီချင်းကို Featuring အနေနဲ့ ပါဝင်သီဆိုပေးရင်း ဒီနေ့ အချိန်ထိ ဂီတအလုပ်တွေကို စိတ်တူကိုယ်တူ လုပ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ 

“ နောက်တစ်ခေါက် ပြန်ဆုံတော့ တောင်ပေါ်ဘုရားပွဲတစ်ခုမှာ စောညီညီသီချင်းဆိုမှာကို Backing ဆိုပေးဖို့ လိုက်လာတာတဲ့။ တစ်ပတ်လောက်နေတော့ Snare မှာ နှစ်ယောက်တည်းရှိတော့တဲ့ အကြောင်းနဲ့ အခွေပြန်လုပ်မယ့်အကြောင်းပြောကြတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်လည်း အဆင်ပြေမနေဘူး ဒါပေမဲ့ ကျွန်တော်ရိုးရိုးလေးစဉ်းစားတာ ဒီကောင်တွေ အရင်ကတည်းက တစ်ဘက်သားလိုအပ်ရင် ဘာအထာမှမရှိဘဲကူညီတတ်တာ ပြီးတော့ Backing ဆိုရဖို့အတွက်တောင် ဒီလောက် အပင်ပန်းခံလိုက်ဆို နေတာ နောက် အရေးအကြီးဆုံးက သူတို့ဖန်တီးတဲ့ Music ကို သိပ်ကြိုက်တယ် ငါနဲ့ စိတ်တူကိုယ်တူ လက်တွဲကြမယ်ကွာဆိုပြီးတော့ အဲဒီလိုနဲ့ 2010 မှာ Snare debut Rap Game အခွေ Frenzo Production ကနေထွက်လာပါတယ်။ ပွဲရှင်ကလည်း အခွေမထွက်မချင်းမငှါးဘူးဗျ အေးလေ သူက ပွဲသွင်းပါတယ်ဆိုမှ နာမည်မရသေးရင် ဘယ်ငှါးမလဲ ကျွန်တော်လည်း စင်ပေါ်မှာ Snare ကို မိတ်ဆက်ဖို့လိုတယ်ပေါ့။ မင်းတို့ထဲ ငါ Featuring ဝင်ဆိုမယ် ဒါဆိုအတူတူ ဆိုလို့ရပြီပေါ့။ အဲဒါ ဒိန်းဂျား သီချင်းပေါ့။ အဲဒီကစပြီး ညီအစ်ကိုလို ဆိုးတိုင်ပင်ကောင်းတိုင်ပင်ပေါင်းလာတာ အခု Rap Game ၁၀ နှစ်ပြည့်ပြီတဲ့။ Rap Game ၁၀ နှစ်ပြည့်ပွဲလည်းလုပ်မယ်တဲ့ Hip Hop Virtual Concert တဲ့ ဒီလ ၂၉ / ၃၀ Facebook မှာ ပြမှာတဲ့ လုပ်ကွာ သားရီးတို့ မိုက်တယ် ချ” ဆိုပြီးတော့လည်း အားပေးစကားဆိုထားပါသေးတယ်။ 

photo: Sai Sai Kham Hlaing

စိုင်းစိုင်းဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဂီတမှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က