ကိုဗစ်ကူးစက်ပျံ့နှံ့မှုကြောင့် မနှစ်က ပထမဆုံး ပေးခဲ့တဲ့ ဆောင်းရာသီ အားလပ်ရက်ကို ယခုနှစ်မှာ ထပ်မပေး နိုင်တော့ပဲ ကစားစေခြင်း ဖြစ်ပါတယ်။
မနှစ်က ပရီးမီးယားလိဂ်ပြိုင်ပွဲကို အခြားလိဂ်များနည်းတူ ဆောင်းရာသီ အားလပ်ရက် ပထမဆုံး ပေးခဲ့ပြီး ဒီနှစ်မှာ တော့ ပြန်လည်မပေးတော့ပဲ ကစားစေမယ်လို့ လိဂ်ကော်မတီက အတည်ပြု သတင်းထုတ်ပြန်လိုက်ပါတယ်။
မနှစ်က အနားပေးခဲ့တာကလည်း အပြည့်အဝပေးခဲ့တာမျိုးမဟုတ်ပဲ ၁၀သင်းကစားချိန် ကျန် ၁၀သင်းနားတဲ့ ပုံစံမျိုးနဲ့ အနားပေးခဲ့တာပါ။
ယခုနှစ်မှာတော့ ကိုဗစ်ကြောင့် ပွဲစဥ်ဇယားရေးဆွဲမှုတွေ ကြပ်ခဲ့ပြီး ဆောင်းရာသီ အားလပ်ရက်ကို ဘယ်လိုမှ မပေးနိုင်တော့တာ ဖြစ်ပါတယ်။
ပွဲတော်ကာလမှာလည်း ရုပ်သံလိုင်းတွေကို အတိအကျ ရောင်းချထားပြီး ဖြစ်တာကြောင့် ဘယ်လိုမှ ပြန်ပြင်ဖို့ အဆင်မပြေနိုင်တော့တာကြောင့်လို့ သိရပါတယ်။
ဒီအပေါ်မှာတော့ လီဗာပူး နည်းပြ ကလော့ပ်က ကစားသမားတွေရဲ့ စိတ်ခံစားမှုဖက်ကို ပြန်ကြည့်ပေးနိုင်ဖို့ တစ်ဦး နဲ့ တစ်ဦး ညှိနှိုင်းစကားပြောကြည့်ကြပါဦးလို့ ရုပ်သံထုတ်လွှင့်သူတွေကို တောင်းဆို ခဲ့ပါတယ်။
အလားတူပဲ မန်ချက်စတာ နှစ်သင်းရဲ့ နည်းပြတွေကလည်း မကြသေးခင်က ပြီးဆုံးခဲ့တဲ့ ပွဲစဥ်ဇယား ရေးဆွဲခဲ့မှု တွေအပေါ် ကျေနပ်ကြဟန်မရှိပဲ တီဗီအချိန်တွေ စီစဥ်တာနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါ သေးတယ်။
လက်ရှိအချိန်မှာတော့ ခရစ္စမတ်ကာလ ပွဲစဥ်တွေအဖြစ် ဒီဇင်ဘာ ၂၆ကနေ ၃၀ အထိ ဆက်တိုက်ကစားရတော့မှာ ဖြစ်ပြီး ပွဲစဥ်ဇယားတွေလည်း အတိအကျ ထွက်ပေါ်ထားပါပြီ။
၂၆ရက်နေ့မှာ ကစားတဲ့ အသင်းတွေထဲက အများစုဟာ တစ်ရက်သာ အနားရပြီး ၂၈မှာ ပြန်ကန်ရမှာ ဖြစ်သလို ၂၇မှာ ကစားတဲ့ အသင်းတွေကလည်း အများစုဟာ တစ်ရက်သာ နားရက်ရမှာ ဖြစ်ပါတယ်။
Share