ဘယ်အရာမှ အလကားမရခဲ့ပါဘူး။

ထက်ထက်ပြောပြတဲ့ အောင်မြင်ခြင်းရဲ့ လျို့ဝှက်ချက်အကြောင်းလေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ထက်ထက်ဘဝအတွက် အောင်မြင်ခြင်းရဲ့ နံပါတ်တစ်က ဘာများဖြစ်မလဲ။

photo ; ထက်ထက်မိုးဦး



ထက်ထက်မိုးဦးက ပရိသတ်တွေအတွက် လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ သူမအကြောင်းလေးတွေ ပြောပြနေသူပါ။ ဒီတစ်ခေါက်မှာလည်း သူမ ခံယူထားတဲ့ အောင်မြင်ခြင်းရဲ့ လျို့ဝှက်ချက်အကြောင်းကို အခုလို ပွင့်ပွင့်လင်းလင်းပြောပြခဲ့တာ တွေ့ရပါတယ်။ ဘဝမှာ အောင်မြင်ခြင်းရဲ့ နံပါတ် တစ်ကတော့ သည်းခံနိုင်မှုပါပဲတဲ့။

“ဘဝမှာ အောင်မြင်ခြင်းရဲ့ နံပါတ် ၁ က သည်းခံနိုင်မှုပဲ။ ဘဝမှာ ပင်ပန်းခက်ခဲခဲ့တယ်။ ဘယ်အရာမှ အလကားမရဘူးဆိုတာသိနေတဲ့အတွက် အရမ်းကြိုးစားတယ်။ ယဉ်ကျေးအောင်နေတယ်။ စိတ်ရောလူရော ထည့်ပြီး အလုပ်လုပ်တယ်၊ အခုချိန် ပြန်ပြီးအလုပ်တွေလုပ်လာတဲ့အခါ၊အားလုံးက ချစ်ပေးကြတဲ့အခါမှာလည်း လက်လွတ်စပယ် မလုပ်ဘူး။ ကိုယ့်အယူအဆတွေမှားသွားရင် သူများထောက်စရာဖြစ်မှာကြောင့် သေချာလေ့လာတယ်။ အလုပ်အပေါ် သစ္စာရှိတယ်။ ဝါသနာပါလို့ လုပ်တာဆိုတော့ လဲခဲ့ရတာတွေ၊ အပေးအယူလုပ်ခဲ့ရတာတွေ အများကြီး ရှိပေမဲ့ဘယ်တော့မှ မလုပ်ချင်တော့ဘူးဆိုတာမျိုး မရှိခဲ့ဘူး”လို့ သူမက ဆိုပါတယ်။

photo ; ထက်ထက်မိုးဦး

ဒါ့အပြင် သူမဘဝမှာ နေ့စဥ် အလုပ်လုပ်တဲ့အချိန်တွေမှာ အလုပ်ပေါ် ဘယ်လိုစေတနာထားခဲ့ကြောင်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေဆိုလည်း အမြဲတမ်းနားထောင်ပြီး ပိုကောင်းအောင် ပြင်ဆင်လေ့ရှိကြောင်းကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

“နေ့စဉ် အလုပ်လုပ်တဲ့ အခါတိုင်းမှာ အချိန်ကုန်ရင် ငါအိမ်ပြန်ရမှာပဲလို့ ဘယ်တော့မှမတွေးဘူး။ကိုယ်လုပ်လို့ မရောင်းရမှာ၊ပရိသတ်တွေမကြိုက်မှာ၊ client အဆင်မပြေမှာပဲတွေးတယ်။ ဒါကြောင့် နေ့စဉ်အမြဲမပြတ် လေ့လာရတယ်။ စာကျက်ရတယ်။ ပရိသတ်ရဲ့ အားပေးစကားတွေ၊ဝေဖန်တာတွေ အမြဲနားထောင်ရတယ်၊ အားပေးတာတွေ အတွက် စိတ်ခွန်အားရသလို ဝေဖန်မှုတွေဆိုလည်း ကိုယ့်ကိုချစ်လို့ ပြောပေးတာမို့ ပြင်ဆင်တယ် ပိုပြီးကောင်းအောင် ကြိုးစားတယ်။ ဇီးထုတ်ကြော်ငြာဆိုလည်း အလှဆုံးပြင်ပြီး အားစိုက်တာပဲ။ ရွှေဆိုင်ကြော်ငြာလည်း အားစိုက်တာပဲ။ အခု Live တွေ လွှင့်ပြီး ရောင်းရတဲ့အချိန်မှာ တစ်ထောင်တန်လည်း အကောင်းဆုံးစိတ်စေတနာထား၊ သေချာ ကုန်ပစ္စည်းအကြောင်း သိအောင်လုပ်ပြီး ရောင်းတယ်။ သိန်း ၃၀၀၀ တန်လည်း သေသေချာချာ လေ့လာပြီးမှ ရောင်းတယ်” ဆိုပြီး အလုပ်ပေါ် အားစိုက်မှုကို သေသေချာချာလေး ပြောပြထားတာတွေ့ရပါတယ်။

photo ; ထက်ထက်မိုးဦး

သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ Covid ကာလအတွင်းမှာ ရတနာပစ္စည်းတွေကိုLive လွှင့်ရောင်းခဲ့ရာ ပရိသတ်တွေ ၊ အနုပညာရှင်တွေရဲ့ အားပေးမှုများကို တခဲနက် ရရှိခဲ့ပြီး အခုဆိုရင် ဇိမ်ခံပစ္စည်းတွေဖြစ်တဲ့ အိမ်တွေ ကားတွေကိုပါ ရောင်းချပေးနေတာတွေ့ရပါတယ်။သူမရဲ့ ရောင်းအားများက သူများတွေရဲ့ ရောင်းအားနဲ့ မတူဘဲ အရမ်းကို ရောင်းအားကောင်းနေတာကလည်း ပရိသတ်တွေအတွက် အံ့သြစရာနဲ့ ချီးကျူးစရာ တစ်ခု ဖြစ်လို့နေခဲ့ပါတယ်။

ထက်ထက်မိုးဦးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်က ကြော်ငြာလောကမှာ အအောင်မြင်ဆုံးသူဖြစ်ခဲ့ပြီး ကလေးရော၊ လူကြီးပါ မကျန် အား‌ေပေးမှုကို ရခဲ့သူဖြစ်ပါတယ်။ သူမ ရိုက်ကူးခဲ့တဲ့ ကြော်ငြာတွေက ထောင်ချီရှိနေခဲ့တယ်လို့သိရပြီး ရုပ်ရှင်လောကမှာလည်း သူမဟာ ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့အပြင် အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။


အဲဒီနောက် ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ သူ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က