ဒီအလှူလေးက ရတနာချစ်သူများနဲ့ Chillies များရဲ့ ကိုယ်စားလှူဒါန်းခဲ့တဲ့ အလှူဒါနလေးဖြစ်ပြီး သူမနေနဲ့ ယခုဘဝမှာ သာသနာအကျိုး၊ လူမျိုးအကျိုး ၊ နိုင်ငံ့အကျိုးကို ထမ်းဆောင်နိုင်သူဖြစ်ရပါလို၏ လို့ ဆုတောင်းစကားလေးလည်း ပြောထားပါသေးတယ်။
Photo : nay chi oo
နေခြည်ဦးကတော့ She Shines Jewelry နဲ့ လက်တွဲပြီး အလှူအတန်းတွေ ပြုလုပ်လျက်ရှိပါတယ်။ ဒီနေ့မှာလည်း ကထိန်အလှူအတွက် တိုင်တစ်ရာဆရာတော်ကြီးထံမှာ ငွေကျပ် (၁၅) သိန်း လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအလှူလေးက ရတနာချစ်သူများနဲ့ Chillies များရဲ့ ကိုယ်စားလှူဒါန်းခဲ့တဲ့ အလှူဒါနလေးဖြစ်ပြီး သူမနေနဲ့ ယခုဘဝမှာ သာသနာအကျိုး၊ လူမျိုးအကျိုး ၊ နိုင်ငံ့အကျိုးကို ထမ်းဆောင်နိုင်သူဖြစ်ရပါလို၏ လို့ ဆုတောင်းစကားလေးလည်း ပြောထားပါသေးတယ်။
“ယနေ့ ကထိန်အလှူလေးပါ၊She Shines Gems & Jewelry နဲ့အတူ ရတနာချစ်သူများ chillies များကိုယ်စား နေခြည်ကတိုင်တစ်ရာဆရာတော်ကြီးထံမှာ ဝါဆိုသင်္ကန်းနဲ့ ကထိန်အတွက် အလှူငွေ (၁၅)သိန်းကျပ်တိတိကို ဒီနေ့ လှူဒါန်းခဲ့ပါတယ်။ တွင်းထွက်ကျောက်မျက်ရတနာတွေကပေးတဲ့ စွမ်းအင်တွေ မေတ္တာဓါတ်တွေနဲ့အတူ ပြုလုပ်ခဲ့တဲ့ ကုသိုလ်အပေါင်းကို အမျှပေးဝေပါတယ်။ဘဝသံသရာ အဆက်ဆက်က ဆွေတော်မျိုးတော်အပေါင်းလည်း အမျှရကြပါစေ။ ဒီ post လေးမြင်သူအပေါင်း share သူအပေါင်းလည်း မေတ္တာဓါတ်တွေ လွှမ်းခြုံနိုင်ပါစေနော်” ဆိုပြီး သူမရဲ့ ပေ့ချ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
Photo : nay chi oo
နေခြည်ဦးဟာ She Shines Jewelry နဲ့ လက်တွဲပြီး Online Sale လုပ်ခဲ့ရာမှ ရရှိလာတဲ့ အမြတ်ငွေကြေးတွေထဲကနေ အလှူအတန်းတွေ လုပ်ဖို့ ငွေကျပ်သိန်း(၁၀၀၀) Project ဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူမရဲ့ပထမဆုံးအကြိမ်အလှူကိုတော့ ရန်ကုန်ဆေးရုံကြီးနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့မှာ သွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက် အလှူအဖြစ် ဖောင်ကြီး ကိုဗစ်စင်တာ၊ဧရာဝတီ စင်တာနဲ့ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ပုလဲမြို့သစ်ရှိ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေတဲ့ အိမ်ထောင်စုဝင်တွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ပါသေးတယ်။ နေခြည်ဦးရဲ့ အလှူနဲ့ ပတ်သက်ပြီး သူမကို ချစ်ခင်အားပေးကြတဲ့ ချီလီတွေကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။
လက်ရှိမှာတော့ နေခြည်ဦးဟာ Beautybynaychi Facebook Page မှာလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် အလှအပရေးရာတွေ မျှဝေနေတာတွေ့ရပါတယ်။ သူမက Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။