ဝက်အကောင်ရေ (၄၄)ကောင် သေဆုံးသွားပါပြီ။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့မှာ အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွါးမှုကြောင့် ဝက်အကောင်ရေ (၄၄)ကောင်သေဆုံးခဲ့ပြီး လက်ရှိမှာ ရောဂါကူးစက်ပြန့်ပွါးမှုကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ဝက်အကောင်ရေ (၄၄)ကောင်မှာ အကောင်ကြီး (၂၄)နဲ့ ဝက်ပေါက်စအကောင်သေး (၂၀)သေဆုံးခဲ့တာဖြစ်တယ်လို့ ကလေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဦးထန်ဇီရာက Duwunကိုပြောပါတယ်။ 



“ နိုဝင်ဘာလ (၄)ရက်နေ့ကစပြီး ကူးစက်မှူရှိလာတာ မနေ့ကထိဆို အကောင်ရေ ၂၀၀နီးပါးကူးစက်မှုရှိပြီး သေဆုံးက (၄၄)ကောင်ရှိပါတယ်။ ထိန်းချုပ်ရေးလုပ်ငန်းတွေကိုတော့ ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေအညီလုပ်နေတယ်။ ပြည်သူတွေကိုလည်း အသိပညာပေးလုပ်ငန်းတွေလုပ်ဆောင်နေတယ်။ 

အဓိက ဝက်အသေသားတွေကိုမစားမိဖို့ပါ”လို့ ဒေါက်တာဦးထန်ဇီရာက ပြောပါတယ်။ ဒေသခံတွေအနေနဲ့ ရောဂါကြောင့်သေဆုံးတဲ့ ဝက်အသေသားတွေကို မစားမိအောင် တာဝန်ရှိသူတွေအနေနဲ့က ဒေသတွင်းသားသတ်ရုံတွေနဲ့ ဈေးတွေမှာတော့ စစ်ဆေးမှုတွေကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အာဖရိက ဝက်အပြင်းဖျားရောဂါရဲ့ လက္ခဏာတွေဟာ အသားပေါ်မှာ အနီစက်တွေပေါက်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွါးသလို၊ အန်တဲ့အခါမှာ သွေးပါတာနဲ့ ကိုယ်ဝန်ရှိတဲ့ဝက်တွေမှာလည်း သားပျက်ကျတဲ့လက္ခဏာတွေဖြစ်ပွါးတယ်လို့ သိရပါတယ်။ ကလေးမြို့မှာ ဝင်အပြင်းဖျားရရောဂါကို အင်းစိန်ကျေးရွာက စတင်ဖြစ်ပွါးခဲ့တာဖြစ်ပြီး အဆိုပါကျေးရွာက ဝက်အကောင်ရေ(၂၀၀)နီးပါးမှာ (၄၄)ကောင်သေဆုံးခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က