မိန်းကလေးပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားသူပါ။

တိုးကြီးကတော့ သူ့ကိုအားပေးလာကြတဲ့ ပရိသတ်တွေအနေနဲ့ သူ့ရဲ့ ဖြစ်တည်မှုကိုလည်း သဘောကျစေချင်တယ်လို့ ပြောပါတယ်။ 

Photo: Toe Gyi



တိုးကြီးကတော့ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှု အများကြီးရရှိလာသူဖြစ်ပါတယ်။ သူ့ကို အားပေးတဲ့ ပရိသတ်တွေထဲမှာမှ မိန်းကလေး ပရိသတ်တွေ အများကြီး ပိုင်ဆိုင်ခွင့်ရထားတဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။

“ အခုချိန်မှာ မိန်းကလေး ပရိသတ်တွေ များလာတာက ရုပ်မြင်သံကြားခေတ် ဖြစ်တဲ့အတွက် တော်တော်များများက ရုပ်ပိုင်းဆိုင်ရာကို အားပေးကြတာ များတဲ့သူတွေလည်းရှိတယ်။ ကျွန်တော့် ပရိသတ်တော်တော်များများက မိန်းကလေးဖြစ်နေတာလည်း မဆန်းတော့ မဆန်းပါဘူး။ ဒါပေမယ့် ကျွန်တော်က တစ်ခါတလေ စဉ်းစားတယ် ဆံပင်အရှည်နဲ့မို့လို့များ အားပေးကြတာလားပေါ့ ဆံပင်ကိုတောင် ဖြတ်လိုက်ပါသေးတယ်။ ဒါ အားပေးမှု လျှော့သွားအောင် လုပ်တာ မဟုတ်ပါဘူး။ ဆံပင်ကို ကြိုက်တာထက် လူကို ကြိုက်စေချင်တယ်။ ကျွန်တော့်ရဲ့ ဖြစ်တည်မှုအကုန်လုံးကို သဘောကျတာမျိုးကိုပဲ ကြိုက်တာ” လို့ Duwun ကို ပြောပါတယ်။ 

Photo: Toe Gyi

တိုးကြီးဟာ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲရဲ့ The Knockouts Round ကနေ နှုတ်ဆက်ထွက်ခွာခဲ့ရသူ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဂီတလမ်းကြောင်းပေါ်မှာ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ လျှောက်လှမ်းနေတယ်လို့ ဆိုပါတယ်။ 

“ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလို့ ဒီလို အနေအထား အထိ တက်လာနိုင်တာပေါ့နော်။ ဘယ်သူမှ လက်တွဲခေါ်လာတာလည်း မဟုတ်ဘူး မင်းက ဘာဖြစ်သင့်တယ် ဘယ်နေရာကို သွား ဆိုပြီးတော့လည်း ပြောခဲ့တဲ့သူ မရှိဘူး။ အနေအထား တစ်ခု ရောက်လာအောင် ကိုယ်တစ်ယောက်တည်း ကြိုးစားခဲ့တာ ဒီ ကြိုးစားမှုကလည်း ယုံကြည်မှု တစ်ယောက်တည်းကြောင့်သာ ဖြစ်လာတာပါ။ လူတော်တော်များများကလည်း ယုံကြည်မှုရှိတဲ့သူတွေကိုဆိုရင် ဘယ်လိုဖြစ်လို့ တိုက်ခိုက်ချင်ကြတာလဲ မသိဘူး၊ ကျွန်တော့်ကို လေးစားအားကျတဲ့ လူငယ်တွေကိုလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပဲ ပြောပြတယ်” လို့ ဆိုပါတယ်။ 

Photo: Toe Gyi

တိုးကြီးဟာ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ဝင်ခဲ့တဲ့ အချိန်မှာ အတွေ့အကြုံ အသစ်တွေ အများကြီး ရခဲ့ပြီးပြိုင်ပွဲဝင် တစ်ယောက် တစ်မျိုးစီ ရုန်းကန်နေရတဲ့ အခြေအနေတွေကို လေ့လာသိရှိခဲ့တယ်လို့ ပြောပါတယ်။ သူ့ အနေနဲ့ သီချင်းဆိုပြိုင်ပွဲ မဝင်ခင်တုန်းက အသံဖမ်း အင်ဂျင်နီယာ တစ်ယောက်အဖြစ် Music Studio မှာ အလုပ်လုပ်နေခဲ့တာလို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က