ဂေါ့ဖ်ရိုက်တာကို အရမ်းကြိုက်တဲ့ပြေတီဦးကတော့ ဒီနှစ်မွေးနေ့လေးဟာ အရမ်းပျော်ဖို့ကောင်းတဲ့ အမှတ်တရတွေနဲ့ ဖြတ်သန်းခဲ့ရတယ်လို့ဆိုပါတယ်။
Photo: Eaindra Kyaw Zin
နိုဝင်ဘာလ (၃၀) ရက်နေ့ကတော့ အကယ်ဒမီ ပြေတီဦးရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့လေးကိုတော့ အိမ်မှာနေရင်း မိသားစု စုံစုံလင်လင်နဲ့ ဖြတ်သန်းခဲ့ပါတယ်။ မွေးနေ့ အမှတ်တရ စကားလေးကိုလည်း ပြေတီဦးက ပြောခဲ့ပါသေးတယ်။
“ ဒီနေ့ကတော့ အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေးပါ။ အရမ်းလည်း ပျော်ရွှင်ရပါတယ်။ မွေးနေ့လက်ဆောင်ကတော့ မိန်းမ ဆီက ဘောင်းဘီနဲ့ အင်္ကျီရတယ်၊ မမ ဆီက ဂေါ့ဖ်သီးတွေ ရတယ်၊ ဘဝကြီးက အရမ်းကို ပြည့်စုံသွားပြီ။ မွေးနေ့ ကိတ်တွေကလည်း ဂေါက်ကွင်းထဲကကို မထွက်ဘူး”လို့ ဆိုပါတယ်။
Photo: Eaindra Kyaw Zin
ပြေတီဦးရဲ့ မွေးနေ့ပွဲ အမှတ်တရလေးကိုတော့ ဇနီးချောလေး အကယ်ဒမီအိန္ဒြာကျော်ဇင်က နိုဝင်ဘာလ (၃၀) ရက်နေ့ ည (၇) နာရီခွဲကျော်က Live လွှင့်ခဲ့တာဖြစ်ပါတယ်။
“ ဦးတီက ဂေါ့ဖ်ရိုက်တာကို အရမ်းကြိုက်တော့ အားလုံးရဲ့ ခေါင်းထဲမှာ သူ့အတွက်က ဂေါ့ဖ်နဲ့ ပတ်သက်တာပဲ အိုင်ဒီယာ ရကြတယ်လေ။ ဂေါက် ဘယ်လောက်ကြိုက်လဲဆိုတော့ cake တွေသာ ကြည့်လိုက်ပါတော့" ဆိုပြီးတော့လည်း ပြေတီဦးအတွက် လုပ်ပေးထားတဲ့ အမှတ်တရ မွေးနေ့ ကိတ်လေးတွေကို ပရိသတ် မြင်အောင် ပြခဲ့ပါသေးတယ်။ အိန္ဒြာကျော်ဇင်ကိုယ်တိုင်ကလည်း ပြေတီဦးအတွက် ဂေါ့ဖ်သီးပုံစံ မွေးနေ့ကိတ်လေး ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။
Photo: Eaindra Kyaw Zin
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ လက်ရှိဖြစ်ပေါ်နေတဲ့ Covid-19 ရောဂါ ကာကွယ်ရေးအတွက် မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။ ကုသိုလ်ရေးနဲ့ပတ်သက်လာရင် လက်မနှေးကြသူတွေ ဖြစ်သလို လက်ရှိမှာလည်း ပြေတီဦးဟာ ပြေတီဦးဖောင်ဒေးရှင်း ကို ဦးဆောင်နေသူ ဖြစ်ပြီး အိန္ဒြာကျော်ဇင်ကတော့ ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို ဘေးကနေ လိုက်ပါဆောင်ရွက်ပေးနေတာကိုလည်း တွေ့ရပါတယ်။