ဆောက်သမ်တန်နဲ့ပွဲမှာ ဒုတိယပိုင်းမှာလူစားဝင်လာခဲ့တဲ့ ကာဗာနီက အသင်းအတွက် နှစ်ဂိုးသွင်းကာ တစ်ကြိမ်ဖန်တီးပေးပြီး ၂ဂိုးပြတ်ရှုံးနိမ့်နေတဲ့အသင်းကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ကာဗာနီကို ခေါ်ယူခဲ့မှုဟာ ဒီရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုတစ်ခုလို့ ပြောဆိုလိုက်ပါတယ်။ ပါလာမို၊ နာပိုလီနဲ့ ပီအက်စ်ဂျီတို့မှာ ခြေစွမ်းပြကစားပေးခဲ့တဲ့ ကာဗာနီဟာ ယူနိုက်တက်ကို အလွတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုချိန်မှာ ခြေစွမ်းပြသနေပြီဖြစ်ပါတယ်။
ဆောက်သမ်တန်နဲ့ပွဲမှာ ဒုတိယပိုင်းမှာလူစားဝင်လာခဲ့တဲ့ ကာဗာနီက အသင်းအတွက် နှစ်ဂိုးသွင်းကာ တစ်ကြိမ်ဖန်တီးပေးပြီး ၂ဂိုးပြတ်ရှုံးနိမ့်နေတဲ့အသင်းကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ လှပတဲ့ ခေါင်းတိုက်အဆုံးသတ်ချက်တွေနဲ့ ကာဗာနီက ဆောက်သမ်တန်ကို အမှတ်ဗလာဖြစ်စေခဲ့ပြီး ယူနိုက်တက်အတွက် အနိုင်သုံးမှတ်ကို လက်ဝယ်ပိုင်ပိုင်ရရှိစေခဲ့ပါတယ်။
နဗီးလ်က "သူကကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့ပါတယ်၊ သူ့ရဲ့ ပထမဂိုးက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်၊ သူက အကောင်းဆုံးကစားသမားတစ်ဦးအနေနဲ့ နှစ်ပေါင်းများစွာကစားပေးခဲ့ပြီးပါပြီ၊ အမြဲတမ်းလိုလို ခံစစ်မှူးတွေကိုဖြတ်ပြီးတော့ လှုပ်ရှားနေပြီး ဂိုးပေါက်နဲ့အနီးဆုံးနေရာမှာ သူ့ရွေ့လျားမှုတွေက အကျိုးသက်ရောက်နေခဲ့ပါတယ်"
"ဆောက်သမ်တန်ကစားသမားသုံးဦးလောက် သူ့အနားမှာရှိနေခဲ့ပြီး ဘယ်ခြမ်းကနေ ဘောလုံးက ရောက်လာချိန်မှာ သူ ပြေးထွက်သွားတယ်ဆိုတာက မယုံကြည်နိုင်လောက်အောင်ပါပဲ၊ သူက အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်လာမှာပါ၊ နှစ်ပေါင်းများစွာခြေစွမ်းပြခဲ့ပြီးသူလည်းဖြစ်ပါတယ်" လို့ နဗီးလ်က Sky Sports ကတဆင့် ပြောဆိုခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကာဗာနီဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ယူနို်က်တက်အတွက် မိနစ်ပေါင်း ၁၀၀ ကျော်သာကစားထားရပေမယ့် ၃ ဂိုးအထိ ရရှိထားတာဖြစ်ပြီး မိနစ် ၄၀ ကျော်တိုင်းမှာ တစ်ဂိုးနှုန်းရရှိထားခဲ့တာလည်းဖြစ်ပါတယ်။