အိတုန်ကတော့ သမီး နှစ်ယောက် မေမေ ဖြစ်ခွင့်ရတဲ့ သူမရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။
Photo: Ei Tone
အိတုန်ကတော့ နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေပိုင်းက ပင်လုံဆေးရုံကြီးမှာ ဒုတိယမြောက် သမီးလေးကို အောင်အောင်မြင်မွေးဖွားခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိ သမီးလေးနဲ့ သူမရဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်းကိုလည်း ပရိသတ်ကို အသိပေးခဲ့ပါသေးတယ်။
“ သမီးလေးရော၊ အိတုန်ရော ကျန်းမာရေးကောင်းကြပါတယ်။ ညကဆိုရင် သမီးလေးက တစ်ညလုံး နို့ဆို့တာမေမေလည်း မအိပ်ရဘူး။ အိတုံက ဗိုက်ကြီးတုန်းကလည်း အစားအသောက် အရမ်းစားတယ်၊ အခုလည်း အစား စားနိုင်ပါတယ်။ သမီးလေးက ထွားတယ်၊ အစားကလည်း အိတုန်အတိုင်းပဲ အရမ်းပုတ်၊ သမီးလေးကမွေးတာ ၇ ပေါင်ပါ။ သမီးလေးကို ရိုးရိုးမွေးတာ မဟုတ်ဘူး ခွဲမွေးတာပါ” ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ မနက် (၁၀) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာဖြစ်ပါတယ်။
Photo: Ei Tone
ဒါ့အပြင် အိတုန်က သမီးငယ်လေးကို ကိုယ်ဝန်စရှိကတည်းက ကံကောင်းခြင်းတွေကိုလည်း ပိုင်ဆိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အိုးပိုင်အိမ်ပိုင်လေးနဲ့ နေချင်ခဲ့တဲ့ ဆန္ဒတွေလည်း တကယ်ပြည့်ခဲ့တယ်လို့ သူက ပြောပါတယ်။
"ချစ်သမီးအငယ်ဆုံးရတနာလေးချစ်ဖေချစ်မေချစ်မမတို့ဘဝထဲကိုအကောင်းတွေကြီးဘဲယူလာပေးတဲ့ချစ်သမီးမေမေရည်မှန်းချက်ဖြစ်တဲ့မိသားစုလေးအိုးပိုင်အိမ်ပိုင်နေချင်တဲ့ဆန္ဒကိုယ်ခြံကိုယ်ဝန်းလေးနဲ့ကိုယ်ပိုင်အိမ်လေး နဲ့နေချင်ခဲ့တဲ့ဆန္ဒတွေ၊ ချစ်သမီးလေးမမွေးခင်မှာ အားလုံးပြည့်ဝခဲ့တယ်ဗိုက်စ ကြီးထဲကရော အမေအပေါ်ကောင်းခြင်းတွေဘဲပေးခဲ့လို့ကျေးဇူးအများကြီးပါ။ ချစ်သမီးလေးရော၊ သမီးကြီးရော ကမေမေအတွက်အဖိုးမဖြတ်နိုင်သော ရတနာနှစ်ယောက်ချစ်တယ်မေမေသည်းကျော်လေးနှစ်ယောက်"လို့ ဆိုပါတယ်။
Photo: Ei Tone
ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုန်တော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကိုနေမျိုးထွန်းကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူး။ အိတုန်ကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နည်းနေတာကြောင့် online shopping လုပ်နေတာလည်း တွေ့ရပါတယ်။