အသက် ၃၉ နှစ်အရွယ် တယ်ရီဟာ ဗီလာနည်းပြဒင်းစမစ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ယူကာ အတွေ့အကြုံတွေရယူနေတာလည်းဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ်တာဝန်ယူနေတဲ့ ဂျွန်တယ်ရီဟာ ဒါဘီနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။ လက်ရှိမှာ ၀ိန်းရွန်နီက ယာယီနည်းပြအဖြစ်တာဝန်ယူနေပြီး ဒါဘီအသင်းပိုင်ရှင်သစ်ဖြစ်လာမယ့်သူတွေက တယ်ရီကို ခေါ်ယူဖို့အတွက် စိတ်အားထက်သန်နေတာကြောင့် ချယ်လ်ဆီးနောက်ခံလူဟောင်းဟာ ဒါဘီကို ကိုင်တွယ်ခွင့်ရဖို့ အခွင့်အလမ်းကောင်းနေတယ်လို့ သိရပါတယ်။
ဒါဘီအသင်းပိုင်ရှင်ရှိတ်ခါလတ်ဘင်ဇာယက်အယ်လ်နီဟာယန်ဟာ အသင်းကို ပေါင်သန်း ၆၀ နဲ့ လက်လွှဲရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပြီး မကြာခင်မှာ အရောင်းအဝယ်ဖြစ်မြောက်ဖို့ရှိနေကာ တယ်ရီကို နည်းပြသစ်အဖြစ် ကမ်းလှမ်းမယ်လို့ ယုံကြည်ရကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် တယ်ရီဟာ ဗီလာနည်းပြဒင်းစမစ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ယူကာ အတွေ့အကြုံတွေရယူနေတာလည်းဖြစ်ပါတယ်။
ဒါဘီကတော့ ရလဒ်တွေဆက်တိုက်ဆိုးရွားနေခဲ့လို့ ပြီးခဲဲ့တဲ့လအတွင်းမှာ နည်းပြဖိလစ်ကိုကူးကို ထုတ်ပယ်ခဲ့ပြီး ကစားသမား/နည်းပြအဖြစ်တာဝန်ယူနေတဲ့ ရွန်နီကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားခဲ့ပါတယ်။ ရွန်နီရဲ့ ပွဲဦးထွက်ကတော့ သရေနဲ့သာ အဆုံးသတ်ခဲ့ရပြီး ယာယီနည်းပြတာဝန်ကနေ ဖယ်ရှားခံရလည်း ကစားသမားအဖြစ် ဆက်လက်ကစားသွားမယ်လို့ ၀ိန်းရွန်နီက ပြောခဲ့ပါတယ်။
"ကျွန်တော့်ကို Wazza လို့ပဲ ခေါ်ဖို့ ကစားသမားတွေကို ပြောထားပါတယ်၊ ဒီတာဝန်ကို ရေရှည်တာဝန်ယူရမယ်ဆိုရင်တော့ ကြိုက်သလိုသာခေါ်ပါလို့ ပြောထားပြီးသားပါ" လို့ ရွန်နီက ပြောဆိုခဲ့ပါတယ်။ တကယ်လို့သာ ဂျွန်တယ်ရီက နည်းပြသစ်အဖြစ်ရောက်ရှိလာခဲ့မယ်ဆိုရင်လည်း ရွန်နီက နည်းပြတစ်ဦးရဲ့ အခန်းကဏ္ဍထက်
မလျော့နည်းတဲ့ တာဝန်မျိုးကို ယူရဖွယ်ရှိကာ တယ်ရီနဲ့ လက်တွဲဆောင်ရွက်သွားနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေခဲ့ပါတယ်။