၆၄သင်း ပါဝင်နေပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈-၁၁မှာ ကျင်းပသွားမှာပါ။

အက်ဖ်အေဖလား တတိယအဆင့်မှာတော့ ၆၄သင်း ကျန်ပြီး လာမယ့် ဇန်နဝါရီလ ၈-၁၁ရက်နေ့မှာ ကျင်းပသွားမှာ ပါ။

အင်္ဂလန်အက်ဖ်အေဖလားပွဲစဥ်ရဲ့ တတိယအဆင့်ပွဲစဥ်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပြီး ဒီအဆင့်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းကြီးတွေ ပါဝင်လာပါပြီ။



၆၄သင်းအဆင့်ဖြစ်ပြီး စပါးအသင်းက အပျော်တမ်းကလပ် မရိန်းအသင်းကို အဝေးကွင်းသွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ယူနိုက်တက်က ဝက်ဖို့ဒ်ကို အိမ်ကွင်း ဧည့်ခံကစားရပါမယ်။

အာဆင်နယ်-နယူးကာဆယ်၊မန်စီးတီး-ဘာမင်ဂမ်၊ချဲလ်ဆီး-မိုရီကာဘီ စတဲ့ တွေ့ဆုံမှုတွေအပြင် လီဗာပူးအသင်း ကလည်း ပရီးမီးယားလိဂ်မှာ ၇-၂ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ဗီလာကို အဝေးကွင်းမှာ ထပ်မံ ရင်ဆိုင်ရပါမယ်။

တတိယအဆင့်ပွဲစဥ်တွေကိုမူ လာမယ့် ၂၀၂၁ခုနှစ် ဇန်နဝါရီလရဲ့ ၈ရက်နေ့ကနေ ၁၁ရက်အထိအတွင်း ကျင်းပ သွားမှာလို့ သိရပါတယ်။

အခုပွဲမှာ အင်အားမမျှတစွာ တွေ့ဆုံနေရတဲ့ မရိန်း-စပါးပွဲစဥ်အတွက်ကိုမူ - “ဘယ်လိုမှ မမျှော်လင့်ထားတဲ့ တွေ့ ဆုံမှုပါပဲ၊ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်ပြီး ရင်ဆိုင်မှာပါ။ကျွန်တော်တို့ ဒီကွင်းမှာ ၇ပွဲနိုင်ထားပါ တယ်။အဲ့ဒီအားနဲ့စပါးကို ရင်ဆိုင်ပါမယ်။”လို့ မရိန်းအသင်းနည်းပြ နေးလ်ယန်းက BBC SPORT ကိုပြောပါတယ်။

ယခုအဆင့်မှာ ဗီလာနဲ့ ထပ်မံတွေ့ဆုံနေတဲ့ လီဗာပူးအတွက် အက်ဖ်အေဖလားပွဲစဥ်မှာလည်း ထိပ်တိုက်တွေ့ဆုံမှု အရ အိပ်မက်ဆိုးအချို့ ရှိထားပါတယ်။

၂၀၁၅ခုနှစ်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ တွေ့ဆုံတုန်းကလည်း ဗီလာအသင်းက ၂-၁ဂိုးဆိုတဲ့ ရလဒ်နဲ့ အသာရယူထားဖူးပါတယ်။

ဒါ့အပြင် ၂၀၁၉ ဒီဇင်ဘာတုန်းက ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဥ်မှာလည်း ဗီလာက ၅-၀ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူထားတဲ့ မှတ်တမ်းတွေကြောင့် လီဗာပူးဟာ ဗီလာနဲ့တွေ့တိုင်း ရုန်းကန်နေရပြီး အခုလို ဒဏ်ရာပြဿနာတွေ၊ထိပ်တိုက် တွေ့ဆုံမှု အသာမရထားမှုတွေနဲ့ ထပ်မံတွေ့ဆုံမှုက သိပ်တော့ အခြေအနေ မကောင်းနေပါဘူး။

၃၂သင်းအဆင့်ကို ဘယ်အသင်းတွေ တက်ရောက်နိုင်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပြီး အာဆင်နယ် အသင်းကလည်း လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

Share

Loading Next Article...
က္က