ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

စိုးပြည့်သဇင်ကတော့ ထီအမြဲထိုးလေ့ မရှိပေမယ့် စိတ်ပါလို့ ထိုးလိုက်တဲ့ ထီက ကံကောင်းခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Soe Pyae Thazin



စိုးပြည့်သဇင် ကတော့ ဒီဇင်ဘာလ အစမှာ ကံကောင်းခြင်းလေးကို ပိုင်ဆိုင်လိုက်ပါပြီ။ ဒီဇင်ဘာလအစမှာ သူထီထိုးထားတဲ့ ထီတွေထဲက (၅)သောင်းဆု (၂)ဆု ကံထူးခဲ့ပါတယ်လို့ ဆိုပါတယ်။ ထီကံကောင်းတဲ့ သူမရဲ့ခံစားချက်ကို Duwun ကနေ ပြောပြလာပါတယ်။ 

“စိုးပြည့်က ထီနဲ့ ပတ်သက်လာရင် မေမေက ထိုးတာပိုများပါတယ်။ စိုးပြည့်ကိုယ်တိုင် ထီထိုးတာကတော့ မရှိသလောက်ကို ရှားပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာ စိုးပြည့်စိတ်ထဲမှာ အရမ်းထိုးချင်လာလို့ ထီလေးထိုးဖြစ်တယ်။ အဲဒီမှာ စိုးပြည့်ထိုးတဲ့ ထီအုပ်မှာ (၅) သောင်းဆု (၂) ဆုပေါက်တယ်၊ ပြီးတော့ မေမေ ထိုးတဲ့ ထီကလည်း (၁) သိန်းဆု ပေါက်တယ်။ ဘာပဲဖြစ်ဖြစ် ထီပေါက်တာလည်း မင်္ဂလာ တစ်ပါးပဲဆိုတော့ အရမ်းပျော်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Soe Pyae Thazin

စိုးပြည့်သဇင်ကတော့ ထီပေါက်တဲ့ငွေကို ဘယ်လို အလှူအတန်းတွေ လုပ်မလဲ၊ ဘယ်လို သုံးမလဲဆိုတာကို မစဉ်းစားရသေးဘူးလို့ ဆိုပါတယ်။ 

“ ထီပေါက်တဲ့ ပိုက်ဆံကိုတော့ ဘာလုပ်မယ်ဆိုပြီး စဉ်းစားထားတာမျိုးတော့ မရှိသေးဘူး။ အဲဒီထီပေါက်တဲ့ငွေကိုတော့ မေမေ့ဆီက မုန့်ဖိုးအနေနဲ့ ပြန်တောင်းထားတယ်။ ပြီးတော့ စိုးပြည့်က ပိုက်ဆံကို စုထားတတ်တော့ စိုးပြည့်ရဲ့ မုန့်ဖိုးသဘောလေးနဲ့ စုတာပါ။ ပြီးရင် စိုးပြည့်က ဒီငွေလေးနဲ့ လှူတဲ့ အခါလှူတယ်၊ ကိုယ်လိုချင်တာလေးတွေရှိရင် ဝယ်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Soe Pyae Thazin

စိုးပြည့်သဇင်က အသက်(၁၈) နှစ်အရွယ်မှာ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်မှုတွေ ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ စိုးပြည့်သဇင်က လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က