ကာဗာနီကတော့ ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းအတွက် ဒုတိယပိုင်းမှာမှ လူစားဝင်ကစားပေးခဲ့ပြီး သွင်းဂိုးနှစ်ဂိုးနဲ့ ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့ အကောင်းဆုံးအသင်းကို နာမည်ကျော်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ရွေးချယ်ခဲ့ရာမှာတော့ ယူနိုက်တက်အတွက် ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးကာဗာနီ ပါဝင်လာခြင်းမရှိခဲ့တာကို တွေ့ရပါတယ်။ အလန်ရှီးယားက ပုံမှန်ရွေးချယ်နေခဲ့တာဖြစ်ပြီး ကာဗာနီမပါဝင်လာခဲ့တာက အံ့အားသင့်စရာကောင်းနေခဲ့ပါတယ်။
ကာဗာနီကတော့ ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းအတွက် ဒုတိယပိုင်းမှာမှ လူစားဝင်ကစားပေးခဲ့ပြီး သွင်းဂိုးနှစ်ဂိုးနဲ့ ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။ ၂-၀ နဲ့ ယူနိုက်တက်တို့ အရေးနိမ့်နေချိန်မှာ ကာဗာနီရဲ့ ခြေစွမ်းပြမှုတွေက ယူနိုက်တက်ကို နိုင်ပွဲပြန်ရစေခဲ့ပြီး ဇယားထိပ်ပိုင်းကအသင်းတွေနဲ့ အမှတ်ကွာဟချက်ကိုလည်း ကျဉ်းမြောင်းစေခဲ့ပါတယ်။
ဒါပေမယ့် အလန်ရှီးယားကတော့ သူ့ရဲ့အသင်းတိုက်စစ်ပိုင်းမှာ မန်စီးတီးအတွက် ဟက်ထရစ်သွင်းပေးခဲ့တဲ့ မာရက်ဇ်၊ ဝုလ်အတွက် ခြေစွမ်းပြခဲ့တဲ့ နက်တို၊ ဖူလ်ဟမ်အတွက် တစ်ဂိုးသွင်းယူပေးခဲ့တဲ့ လွတ်ခ်မန်းတို့ကိုသာ ရွေးချယ်မှုပြုလုပ်သွားခဲ့ပါတယ်။ ကာဗာနီမပါဝင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေအများအပြားနဲ့လည်း အလန်ရှီးယားရင်ဆိုင်နေရပြီး ဘာလို့မရွေးချယ်တာလဲဆိုတဲ့ မေးခွန်းတွေလည်း အများကြီးရှိလာခဲ့ပါတယ်။
တစ်ပတ်တာအကောင်းဆုံးအသင်းကို အလန်ရှီးယားက ရွေးချယ်ရမှာဖြစ်ပေမယ့်လည်း တစ်ပတ်တာအားအနည်းဆုံးအသင်းကို ရွေးချယ်ခဲ့တယ်လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပြုခဲ့ပြီး ဟာသဆန်တဲ့ တစ်ပတ်တာအကောင်းဆုံးအသင်းလို့ ပရိသတ်တော်တော်များများက လှောင်ပြောင်ခဲ့ပါတယ်။
ရှီးယားရဲ့အသင်းမှာတော့ နည်းပြအဖြစ် စကော့ပါကား၊ ဂိုးသမားအဖြစ် ဂျွန်စတုန်း၊ နောက်ခံလူတွေအဖြစ် ရီဆီဂျိမ်းစ်၊ အန်ဒါဆန်၊ ဖာနန်ဒက်ဇ်၊ မာကယ်လ်၊ ကွင်းလယ်မှာ ရာဖင်ဟာ၊ ဖိလစ်၊ ဒီဘရိုင်း၊ တိုက်စစ်မှာ မာရက်ဇ်၊ နက်တို၊ လွတ်ခ်မန်းတို့ ပါဝင်ခဲ့ကြပါတယ်။