ယာဥ်မောင်းမှာ စိုးရိမ်ရတဲ့အခြေအနေရှိနေပြီး အကူလိုက်ပါလာသူကတော့ ထိခိုက်ဒဏ်ရာရရှိပေမဲ့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

 ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်မှာ ဒီဇင်ဘာ ၂ ရက် မနက် ၈ နာရီက လူနာတင်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းနဲ့ အကူလိုက်ပါလာသူတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဗောဓိကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းကနေ သိရပါတယ်။


  ဖြစ်စဥ်မှာ အုတ်တွင်းမြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့ ဗောဓိကုန်းအမြန်လမ်းမီး သတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၁၂၈ / ၅ နှင့် ၁၂၈ / ၆ ကြားမှာ နေပြည်တော်ဘက်မှရန်ကုန်ဘက်သို့ ယာဥ်မောင်းဝေလင်းအောင်(၂၉)နှစ်မောင်းနှင်ကာ မျိုးဟိန်း(အသက်-စီစစ်ဆဲ)လိုက် ပါလာတဲ့ ယာဥ်အမှတ်-2N / -------- (အဖြူရောင်)လူနာတင်ယာဥ်ဟာ အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။

Photo-N.L.A

  "ကျွန်တော်တို့စစ်ဆေးသိရသလောက်ကတော့ ယာဥ်မောင်းအိပ်ငိုက်သွားတယ်၊ဒါ့ကြောင့် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားတာပါ၊အမြန်လမ်းမှာမောင်းတော့မယ်ဆိုရင် ဘယ်ကားတွေပဲဖြစ် ဖြစ် ယာဥ်မောင်းနှစ်ယောက်ထားပြီးမောင်းသင့်တယ် တစ်ယောက်အိပ်ငိုက်လာရင်နောက်တစ်ယောက်နဲ့အလဲအလှယ်လုပ်ပြီးမောင်းတာပိုသင့်တော်တယ်၊ဒါမှသာဖြစ်ပေါ်လာနိုင်တဲ့ယာဥ်မတော်ဆမှုတွေကိုကာကွယ်သွားနိုင်မှာပါ"လို့ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူးဦးစန်းကိုကိုထွန်းကပြောပါတယ်။

  ဖြစ်စဥ်ကြောင့် ယာဥ်မောင်းမှာ စိုးရိမ်ရတဲ့အခြေအနေရှိနေပြီး အကူလိုက်ပါလာသူကတော့ ထိခိုက်ဒဏ်ရာရရှိပေမဲ့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။ နှစ်ဦးစလုံးကို အုတ်တွင်းပြည်သူ့ဆေးရုံသို့တင်ပို့ကုသနေတယ်လို့ ဆိုပါတယ်။ ယာဥ်အားမဆင်မခြင်ပေါ့လျော့စွာမောင်းနှင်သူ ယာဥ်မောင်းကိုတော့ ယာဥ်(ပ) ၃၀/ ၂၀၂၀ ၊ ပုဒ်မ-၃၃၇ / ၃၃၈ အရအမှုဖွင့်ထားပါတယ်။

အလွတ်တန်းသတင်းထောက် ကျော်သူပေးပို့ထားသော သတင်းဖြစ်ပါသည်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က