ခိုင်နှင်းဝေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ပိုးအိအိခန့်ကတော့ နေထိုင်စရာ အခက်အခဲကြုံနေရတဲ့ အိမ်ထောင်စု တစ်ခုစာအတွက် နေစရာအိမ်လေး တစ်လုံး လှူဒါန်းခွင့်ရသွားတဲ့အပေါ် ပီတိစကားဆိုလာပါတယ်။ 

ပိုးအိအိခန့်ကတော့ ခိုင်နှင်းဝေကြောင့် တောင်ဒဂုံမြို့နယ်အတွင်းမှာ ရှိတဲ့ နေထိုင်စရာ အခက်အခဲကြုံနေရတဲ့ သားအမိနှစ်ယောက်အတွက်နေရာထိုင်ခင်းအလှူလေးတစ်ခု လုပ်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ဒီ အလှူနဲ့ ပတ်သက်ပြီး သူ့ရင်ထဲက ပီတိစကားလေးကို အခုလို ပြောပြခဲ့ပါတယ်။ 



“ ညီမက အလှူအတန်းတွေ အများကြီး လုပ်ဖြစ်တယ် တစ်နေရာတည်းဆိုတာထက် နေရာဖြန့်ပြီးတော့ လှူတာများတယ်။ အစ်မ လုပ်ပေးတဲ့ အလှူမျိုးတော့ တစ်ခါမှ မလှူဖူးဘူး။ ဒါကြောင့် အစ်မကို ကျေးဇူးတင်နေမိတယ် အိုင်ဒီယာလေးကောင်းတယ် ကုသိုလ်လည်း ပိုဖြစ်သွားတယ်။ လှူထားတဲ့ အလှူငွေထက်ကို ပိုပြီး ကုသိုလ်ကြီးသွားသလို ခံစားရတယ်။ ပြီးတော့ ဒီအလှူက တကယ်ကို Surprise ဖစ်သွားတာပါ။ အဲဒီအဘွားတို့ကို မြင်တော့ ရင်ထဲမှာ စိတ်မကောင်းဖြစ်မိတယ်၊ ကိုယ့်ကိုယ်ကိုယ် မငိုမိအောင် ထိန်းခဲ့ရတယ်၊ အဓိက ကတော့ သူတို့ မျက်နှာပေါ်က အပြုံးလေးတွေ၊ အပျော်လေးတွေကိုပဲ မြင်ချင်တာဆိုတော့ စိတ်ချမ်းသာပါတယ်” လို့ Duwun ကို ပြောပါတယ်။ 

ခိုင်နှင်းဝေ ကိုယ်တိုင်ကလည်း ပိုးအိအိခန့် ရဲ့ အလှူငွေထဲကနေ အိမ်လေးဆောက်ပြီး အလှူလေး လုပ်ပေးဖြစ်သွားတဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့ပါတယ်။ 

“ ပိုးအိအိခန့် လှူတဲ့ အလှူငွေနဲ့ အဘွားနဲ့ သမီးလေးတစ်ယောက်အတွက် အိမ်လေးတစ်လုံး ဆောက်ပေးထားတယ်။ အဲဒီအဘွားတို့က အရင်က အိမ်လခမပေးနိုင်လို့ဆိုပြီးတော့ အိမ်ရှင်တွေက အိမ်ပေါ်က နှင်ချလိုက်တာ အိပ်စရာနေရာမရှိတော့ လမ်းဘေးလေးမှာပဲ အိပ်နေရတာ။ ဒီရပ်ကွက်ထဲက လူတွေက အစ်မကို အကူအညီတောင်းတာနဲ့ ပိုးအိအိခန့်လှူတဲ့ အလှူငွေထဲက ပိုးအိအိခန့် ကုသိုလ်ရအောင် ဆိုပြီးတော့ အိမ်လေးတစ်လုံး ဆောက်ပေးလိုက်တယ်။ အိမ်အပြင် ရေသုံးဖို့ ရေဇလားရော လှူပေးထားပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ပိုးအိအိခန့် ကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အဖြစ် စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်ထားတာဖြစ်ပြီး အနုပညာအလုပ်တွေ ရပ်နားခဲ့တာ တွေ့ရပါတယ်။ သူမဟာ ဇာတ်လမ်းတွဲတွေ၊ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က