အသစ်ထွက် iPhone 12 စီးရီး ကိုင်ဆောင်သူတချို့ဟာ 4G နဲ့ 5G ကွန်ရက်များ ချိတ်ဆက်မရတဲ့ အခက်အခဲနဲ့တွေ့နေရတယ်လို့ ဆိုပါတယ်။
Apple အွန်လိုင်း Support Community တွေပေါ် တက်လာတဲ့ သတင်းအရ iPhone 12 မော်ဒယ်စီးရီး သုံးစွဲသူအများအပြားဟာ Signal Bars ပျောက်နေတဲ့ ပြဿနာရှိပြီး display မှာ "သင့် iPhone ကို Activate လုပ်ထားခြင်းမရှိပါ"ဆိုတဲ့ မက်ဆေ့ တက်လာနေတယ်လို့ Gizmochina သတင်းက ဆိုပါတယ်။
Photo: idropnews
ဒီပြဿနာဟာ 5G အပြင် 4G LTE မှာပါ ကြုံတွေ့နေတာ ဖြစ်ပြီး Airplane mode အဖွင့်အပိတ်လုပ်ချိန်မှာ လိုင်းဆွဲအား ပြန်ရသွားလေ့ရှိတယ်လို့လည်း ဆိုပါတယ်။ အလားတူ ပြဿနာကြုံနေရတဲ့ iPhone 12 သုံးစွဲသူတချို့ကတော့ ဖုန်းကို Restart လုပ်တာဖြစ်ဖြစ် SIM Card ထုတ်ပြီး ပြန်ထည့်လိုက်တာ ဖြစ်ဖြစ် လုပ်မှပဲ ကွန်ရက်ပြန်ချိတ်နိုင်တယ်လို့လည်း ပြောနေကြပါတယ်။
လိုင်းဆွဲအားခဏလေး တက်လာပြီး ရုတ်တရပ်ပြန်ကျသွားကိုလည်း ကြုံရတယ်လို့ iPhone 12 သုံးစွဲသူတစ်ဦးက Reddit ပေါ်မှာ ပြောထားပါတယ်။ ပုံမှန်အားဖြင့် အဲ့ဒီလို အခြေအနေမျိုးမှာ ဖုန်းကို Reboot လုပ်ပြီးပဲ ဖြေရှင်းကြတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် Verizon နဲ့ AT&T တယ်လီကွန်းကွန်ရက်သုံးသူတွေမှာ ကြုံလေ့ရှိပေမယ့် အမေရိကန်နိုင်ငံ ပြင်ပမှာလည်း ဒီပြဿနာကြုံတွေ့နေပါတယ်။
Photo: PhoneArena
ဩစတြေးလျမှ iPhone 12 Pro တစ်ဦးကတော့ Vodafone ကွန်ရက်နဲ့ သုံးချိန်မှာလည်း ဒီပြဿနာ ကြုံနေတယ်လို့ ပြောပါတယ်။ သူ့ဖုန်းဟာ တစ်ခါတလေမှာ လိုင်းဆွဲအား လုံးဝပျောက်သွားပြီး ရံဖန်ရံခါမှာ 3G ပဲ ပြတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့အထိ ဒီပြဿနာကို Apple ဘက်က ဖြေရှင်းခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း iPhone 12 မော်ဒယ်တစ်ချို့ဟာ ပြဿနာအနည်းငယ် ကြုံခဲ့ရပါတယ်။ တချို့ iPhone 12 စီးရီး display တွေမှာ အစိမ်းရောင်နဲ့ မီးခိုးရောင်ပြေးနေတာကို တွေ့ခဲ့တာပါ။ ဒီပြဿနာကို Software Update နဲ့ ဖြေရှင်းခဲ့ပါတယ်။ ကွန်ရက်ပျောက်နေတဲ့ ပြဿနာအတွက်လည်း မကြာခင်မှာ Software Update ပေးသွားဖို့ ရှိပါတယ်။