ဒီဇင်ဘာ (၇) ရက်နေ့က စတက်ရမှာပါ။

နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် Stay Home အစီအစဉ်မှာ အကျုံးမဝင်တဲ့ မြို့နယ်တွေက အစိုးရ ဝန်ထမ်းတွေ အင်အားအပြည့်နဲ့ ရုံးပြန်တက်ရတော့မယ်လို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုအဆင့်ကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လက်ရှိ အခြေအနေအရ နိုင်ငံဝန်ထမ်းတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အလိုအလျောက်ထိန်းချုပ်နိုင်တာကို စိစစ်ေ်တွ့ရှိရတာကြောင့် ယခင်က (၂) ပတ်ရုံးတက် ၊ (၂) ပတ် အိမ်မှာနေပြီးရုံးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဒီဇင်ဘာ (၇) ရက်နေ့ကစတင်ကာ မူလအင်အားအတိုင်း အပြည့်အ၀ ပြန်လည်တာဝန်ထမ်းဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ 



“ နေပြည်တော်မှာလည်း ကူးစက်မှုတွေလျော့လာပြီ။ ဝန်ထမ်းတွေမှာလည်း ကူးစက်မှုတွေ လျော့လာတဲ့အပြင် ဝန်ထမ်းတွေကလည်း ကိုဗစ်စည်းမျဉ်းနဲ့အညီနေနိုင်တယ်လို့ ယူဆတဲ့အတွက် ရုံးတွေကို အပြည့်ပြန်တက်တာကို စီစဉ်တာဖြစ်ပါတယ်”လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက Duwun ကို ပြောပါတယ်။

နိုင်ငံဝန်ထမ်းတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူများရှိလာခြင်း၊ ရောဂါပိုးကူးစက်ခံရပြီး (၁၄) ရက်အတွင်းမှာသာ ရောဂါလက္ခဏာပြသခြင်းတို့ကြောင့် စက်တင်ဘာ (၁၅) ရက်ကစပြီး (၂) ပတ်တက်၊ (၂) ပတ်အိမ်မှာပဲနေပြီး ရုံးအလုပ်လုပ်ဖို့ ညွှန်ကြားခဲ့ပြီးနောက် နှစ်လခွဲအကြာမှာ ဒီအစီအစဉ်ကို ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

“ ကျန်းမာရေးဝန်ကြီးဌာနက ရုံးတွေမှာကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဆောင်ရွက်ရမယ့် အသိပညာပေးစာစောင်တွေကို ထုတ်ထားတယ်။ နောက်ပြီး ရုံးတွေမှာ တစ်နေ့ကို (၂) ကြိမ် Hand Speaker နဲ့ဖွင့်ဖို့ ညွှန်ကြားထားတယ်။ ဝန်ထမ်းတွေလည်း အကျွမ်းတဝင်ရှိနေပြီ။ ကာကွယ်ရေးပစ္စည်းတွေလည်း သုံးတာတွေလည်း တွေ့ရပါတယ်” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂ ရက် နေ့လယ် ၂ နာရီထုတ်ပြန်ချက်အထိ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ (၄၂၂) ဦးရှိပြီး အခုနောက်ပိုင်း ကူးစက်သူ ဦးရေ လျော့နည်းလာတာကို တွေ့ရတာကြောင့် နေပြည်တော်အတွင်းရှိ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ရောင်းချခွင့်ပြုဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က