Show ပွဲတွေ အရမ်းဆိုချင်နေပြီ။

အဆိုတော် ဟန်နေတာကတော့ Eternal Gosh အဖွဲ့သားတွေ အနေနဲ့ နောက်ထပ် အခွေ ထွက်လာဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ 

Photo: Han Nay Tar



ဟန်နေတာ ကတော့ ကိုဗစ်ကြောင့် ဂီတနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ ဒုတိယမြောက် အခွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေသလို ဖျော်ဖြေပွဲတွေမှာ သီဆိုဖို့အတွက် သီချင်းအသစ်တွေ ထွက်ထားတယ်လို့ Duwun ကို ပြောပါတယ်။ 

“ Show ပွဲတွေက တကယ်ကို ပြန်ဆိုချင်နေပြီ။ Night Mood က ခံစားမှု အရမ်းကောင်းတယ်။ အခုအသစ်ထွက်ထားတဲ့ သီချင်းတွေကလည်း ဝုန်းလို့ကောင်းတဲ့ သီချင်းတွေဆိုတော့ ငြိမ်ငြိမ်လေး ဆိုနေရတာ တစ်မျိုးကြီးပဲ။ ပြီးတော့ ကျွန်တော်တို့ နောက်ထပ် Second Solo Album ထွက်ဖို့ရှိပါတယ်။ သီချင်းကတော့ (၁၀) ပုဒ်လောက်ပဲ ပါမယ်။ ဘာကြောင့်လဲဆိုတော့ သီချင်းကို ကျစ်ကျစ်လစ်လစ် ကောင်းကောင်းမွန်မွန်လေး၊ အချိတ်အဆက်မိမိလေး ခံစားမိအောင် စီစဉ်ထားတယ်။ ပထမအခွေတုန်းကတော့ ကျွန်တော်က တည်ထားပြီးသား သီချင်းကို စိတ်တိုင်းကျဖြစ်အောင် အဖွဲ့သားတွေက တီးတယ်။ ဒုတိယအခွေမှာတော့ အဖွဲ့သားတွေ အရင် တီးပြီးမှ သီချင်းလုပ်တာ များတယ်။ ပထမအခွေတုန်းကလိုတော့ ကျွန်တော် တစ်ယောက်တည်း လုပ်တာ မဟုတ်တော့ဘူးပေါ့” လို့ ဆိုပါတယ်။ 

Photo: Amazing Grace

အခုဆိုရင် ဟန်နေတာ က Eternal Gosh အနေနဲ့ ‘ အနာဂတ်’ ဆိုတဲ့ သီချင်း ထွက်ရှိတော့မယ်လို့ သိရပါတယ်။ ဒီသီချင်းကလည်း ပရိသတ်တွေအတွက် Surprise ဖြစ်စေမယ့် သီချင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

“ ကျွန်တော်တို့ အသစ်ထွက်မယ့် သီချင်းကတော့ ‘ အနာဂတ်’ လို့ အမည်ရပါတယ်။ သီချင်းအမျိုးအစားကိုတော့ မပြောချင်သေးဘူး Surprise ထားဦးမယ်။ အခုဆိုရင် ကျွန်တော်တို့ ထွက်တဲ့ သီချင်းတွေက ဆိုနေကြအတိုင်း မဟုတ်တာကို သတိထားမိမှာပါ။ တကယ်ဆို ဂီတအမျိုးအစားကို ကျွန်တော်က မခွဲချင်ဘူး ဂီတအမျိုးအစားတိုင်းကို ကြိုက်တယ်။ ကျွန်တော်တို့ ကြိုက်တဲ့ ဂီတအမျိုးအစားတွေကိုလည်း ပရိသတ်ကို ချပြချင်တယ်။ ကျွန်တော်တို့ ခံစားသလို ရသစုံတော့ ခံစားစေချင်တယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

 

Photo: Han Nay Tar

ဟန်နေတာကိုတော့ ‘’ မိုးမခ အိပ်မက်ခရမ်းပြာ’’ ဆိုတဲ့ သီချင်းနဲ့ အားပေးတဲ့ ပရိသတ်အများအပြား ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မင်းသမီးခင်ဝင့်ဝါကို မွေးနေ့အကြို ပုံတူ ပန်းချီကား လက်ဆောင် ပေးခဲ့တဲ့သူအဖြစ်နဲ့လည်း ပရိသတ် စိတ်ဝင်စားမှု ပိုရလာတဲ့ အဆိုတော် တစ်ယောက်ပါ။ ဟန်နေတာ ရဲ့ ဂီတကိုတော့ ပရိသတ်တွေသာမက ဂီတအနုပညာရှင် အချင်းချင်းကပါ အားပေးဝန်းရံခဲ့တာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က