နိုဝင်ဘာလကစတင်ပြီး လူတွေအိမ်အပြင်ထွက်လာတာ ပိုများလာသလို ပိုးတွေ့လူနာလည်း နေ့စဉ် ထောင်ဂဏန်းဝန်းကျင်ရှိနေပါတယ်။

ကိုဗစ်ဒုတိယလှိုင်းကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ရန်အတွက် ပြည်သူလူထုအနေနဲ့ အိမ်ထဲမှာပဲ နှစ်ပတ်လောက်နေပေးရန်သာလိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောပါတယ်။

ကိုဗစ်ပထမလှိုင်းကိုဖြတ်ကျော်ခဲ့စဉ်က သင်္ကြန်ကာလအတွင်း နှစ်ပတ်တိတိအိမ်အပြင်မထွက်ခဲ့ကြတဲ့ အကျိုးဆက်အဖြစ် အောင်အောင်မြင်မြင်ဖြတ်ကျော်လာနိုင်ခဲ့တာကို အတုယူပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ "စိတ်တွေကိုထိန်းထားပါ။ တကယ်ပဲထိန်းမယ်ဆိုရင် နှစ်ပတ်ပဲလိုတယ်။ အဲ့နှစ်ပတ်ထဲမှာအိမ်ထဲမှာပဲနေလိုက် ဘာမှမဖြစ်တော့ဘူး။ ကျွန်တော်တို့သင်္ကြန်မှာ လူတိုင်းသိနိုင်တဲ့ကိစ္စတစ်ခုရှိတယ်။ သင်္ကြန်မှာကျွန်တော်တို့တွေ တစ်ယောက်မှအပြင်မထွက်ဘဲ၊ လမ်းတွေမှာဘာကားမှမရှိဘဲနဲ့ နေလိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ first wave ကို ပထမလှိုင်းကိုကောင်းကောင်းကျော်လွှားနိုင်တယ်။"လို့ ဦးနိုင်ငံလင်းက ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊မဟာဗန္ဓုလပန်းခြံမှာကျင်းပခဲ့တဲ့ Mask ကမ်ပိန်းမှာ မီဒီယာတွေကိုပြောခဲ့ပါတယ်။ 



လက်ရှိအချိန်မှာ ရန်ကုန်တိုင်းအတွင်းမှာ ကိုကိုးကျွန်းကလွဲပြီးကျန် ၄၄မြို့နယ်ကို Stay at Home သတ်မှတ်ထားပေမယ့် နိုဝင်ဘာလကစတင်ပြီး လူတွေအိမ်အပြင်ထွက်လာတာပိုများလာသလို ပိုးတွေ့လူနာလည်း နေ့စဉ် ထောင်ဂဏန်းဝန်းကျင်ရှိနေပါတယ်။ သတ်မှတ်ထားတဲ့ကိုဗစ်စည်းမျဉ်းတွေကို ဖောက်ဖျက်မှုတွေရှိနေပေမယ့်လည်းအရေးမယူတာနဲ့ပတ်သက်ပြီးအစိုးရကိုဝေဖန်မှုတွေရှိနေပေမယ့် အစိုးဆိုတာလူထုကို အရေးယူနေဖို့မဟုတ်ဘဲ ထိန်းကျောင်းဖို့ပဲလိုတယ်လို့ ဦးနိုင်ငံလင်းကဆိုပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က