ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်ခုနစ်ခုမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရုတ်တရက် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ယမန်နေ့ (ဒီဇင်ဘာ ၃ ရက်) မှာ ပြောခဲ့ပါတယ်။
(Photo: Reuters)
တာဝန်ရှိသူတွေက သတင်းထုတ်ပြန်မှုအရ Nakhon Si Thammarat ခရိုင်မှာ လူသေဆုံးမှုများဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင်ပြသခဲ့ရာအဆိုပါခရိုင်ရှိ ဆေးရုံတစ်ရုံမှာ အရေးပေါ်ခန်းအပြင်ဘက် နေရာတစ်ခုကို လမ်းမပေါ်မှ ရေများစီးဝင်မလာစေရန် ဝန်ထမ်းတွေက သဲအိတ်များချပြီး တားဆီးနေတာ တွေ့ခဲ့ရပါတယ်။
(Photo: Reuters)
ရေကြီးမှုကို တောင်ပိုင်းဒေသရှိ ခရိုင်ခုနစ်ခုမှ လူဦးရေ ၂၅၅,၀၀၀ ကျော် ကြုံခဲ့ကြရတယ်လို့ ဝန်ကြီးဌာက ဆိုပါတယ်။ လတ်တလော ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့ ဒေသဟာ ထိုင်းနိုင်ငံရဲ့ ရော်ဘာပင်စိုက်ပျိုးရာ အဓိကနေရာလည်း ဖြစ်ပါတယ်။ ထိုင်းက ကမ္ဘာတစ်ဝန်းသို့ သဘာဝရော်ဘာ တင်ပို့နေတဲ့ အဓိက နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ Rubber Authority of Thailand က ယမန်နေ့မှာ ပြောကြားမှုအရ ရေကြီးမှုကြောင့် ရော်ဘာပင် ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရော်ဘာစိုက်တောင်သူတွေကို ထိုင်းဘတ်ငွေ ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၉၉.၃၄) ပေးအပ်သွားမယ်လို့ သိရပါတယ်။