အမေရိကန်တိုင်း mask တပ်ပါက ကိုဗစ်ကူးစက်မှုမှု သိသာစွာ လျော့နည်းသွားလိမ့်မယ်လို့ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ၎င်းရဲ့သမ္မတသက်တမ်း ပထမဆုံး ရက် ၁၀၀ ကာလအတွင်း အမေရိကန်တွေကို mask တပ်ထားကြရန် တောင်းဆိုသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

(Photo: Andrew Harnik/AP)

အမေရိကန်တိုင်း mask တပ်ပါက COVID-19 ကူးစက်မှုပျံ့နှံ့မှု သိသိသာသာ လျော့နည်းသွားလိမ့်မယ်လို့ CNN သတင်းဌာနဲ့ အင်တာဗျူးမှာ ဂျိုးဘိုင်ဒန်က မှတ်ချက်ပြုခဲ့ပါတယ်။ အစိုးရအဆောက်အအုံ အားလုံးထဲမှာ mask တပ်ကြရန်လည်း ညွှန်ကြားချက်ထုတ်သွားမယ်လို့ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။



ဂျိုးဘိုင်ဒန်က COVID-19 ကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်ရန် အဖွဲ့ဖွဲ့စည်းမှု အပါအဝင် သမ္မတတာဝန်ကို လွှဲပြောင်းရယူရန် ပြင်ဆင်နေပြီး ဆေးကုမ္ပဏီကြီးတွေကလည်း အမေရိကန်လူထုကို သန်းနဲ့ချီတဲ့ ကာကွယ်ဆေးများ ဖြန့်ဖြူးပေးရန် အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

(Photo: Reuters)

"ကျမ်းသစ္စာကျိန်ဆိုတဲ့ ပထမဆုံးနေ့မှာ အမေရိကန်လူထုကို ရက် ၁၀၀ ကြာ mask တပ်ကြဖို့ ကျွန်တော် တောင်းဆိုပြောကြားသွားမှာပါ၊ ရက် ၁၀၀ ပဲဖြစ်ပါတယ်၊ အမြဲတမ်းမဟုတ်ပါဘူး၊ ရက်ပေါင်းတစ်ရာပါပဲ" လို့ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ "ကျွန်တောင်ထင်ပါတယ်၊ ကျွန်တော်တို့ ဒီလိုလုပ်ရင် ကူးစက်မှု သိသိသာသာ လျော့နည်းသွားတာ တွေ့ရပါမယ်၊ ကာကွယ်ဆေးထိုးမယ် mask လည်း တပ်ကြမယ်ဆိုရင် ကူးစက်မှုအရေအတွက်က တော်တော် လျော့နည်းသွားမှာပါ" လို့ ရွေးကောက်ခံသမ္မတက မှတ်ချက်ပြုပါတယ်။

ကျမ်းသစ္စာကျိန်ဆိုတဲ့ ပထမဆုံးနေ့မှာ အမေရိကန်လူထုကို ရက် ၁၀၀ ကြာ mask တပ်ကြဖို့ ကျွန်တော် တောင်းဆိုပြောကြားသွားမှာပါ၊ ရက် ၁၀၀ ပဲဖြစ်ပါတယ်၊ အမြဲတမ်းမဟုတ်ပါဘူး၊ ရက်ပေါင်းတစ်ရာပါပဲ

(Photo: AP)

အမေရိကန်မှာ သမ္မတသစ်တစ်ဦးအတွက် ပထမဆုံး ရက် ၁၀၀ က အရေးပါတဲ့ ရက်တွေဖြစ်ပြီး သမ္မတအနေနဲ့ လုပ်ငန်းတာဝန်တွေကို မည်သို့ ပြီးမြောက်ဆောင်ရွက်နိုင်ကြေင်း တိုင်းတာတဲ့ကာလအဖြစ် သိမှတ်ထားကြပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အမေရိကန်သမ္မတစ်ဦးထံမှာ အမေရိကန်လူထုကို mask တပ်ရန် အမိန့်ထုတ်ညွှန်ကြားနိုင်တဲ့ တရားဝင်အခွင့်အာဏာမရှိဘူးလို့ မှတ်ချက်ပြပါတယ်။

သို့သော် ၎င်းနဲ့ ရွေးကောက်ခံ ဒုတိယသမ္မတ ကမ်မလာဟာရစ်တို့ဟာ mask တပ်ထားခြင်းဖြင့် ပြည်သူလူထုအတွက် စံနမူနာဖြစ်လိမ့်မယ်လို့ ဂျိုးဘိုင်ဒန်က CNN အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတက အစိုးရပိုင်အဆောက်အအုံတွေမှာ mask တပ်ရန်ကိုတော့ အမိန့်ထုတ်ညွှန်ကြားနိုင်တဲ့ အခွင့်အာဏာရှိကြောင်း သိရပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၄.၅ သန်းကျော်နဲ့ သေဆုံးသူ ၂၉၀,၀၀၀ နီးပါးရှိပြီ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က