၃ဦးလဲလှယ်ခွင့်ပြုထားတာကို ၅ဦးထိလဲခွင့်တောင်းဆိုလာတာပါ။

လူစားလဲမှုကို ၅ဦး ခွင့်မပြုပေးပါက ဒီအကျိုးဆက်ကို လာမယ့် ယူရိုပြိုင်ပွဲကျရင် ပေးဆပ်မှု ကြီးမားလိမ့်မယ်လို့ ကလော့ပ်က သတိပေး စကား ဆိုလာပါတယ်။

ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ဦး မပြောင်းလဲပါက အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြ ဆောက်ဂိတ် အနေနဲ့ ဒီဒဏ်ကို ခံစားရလိမ့်မယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က ထုတ်ဖော်ပြောဆိုလာပါတယ်။



ယခုနှစ်မှာ ကိုဗစ်ရောဂါ ကူးစက်နေမှုကြောင့် ဘောလုံးပွဲတွေကို အချိန်လုပြီး ကျင်းပနေရတာကြောင့် ပွဲချိန်မှာ နီးကပ်မှုတွေ ရှိနေပါတယ်။

ဒါကြောင့် ကစားသမားတွေ ပွဲပန်းမှုဒဏ်တွေ ခံစားနေရပြီး မကြာခဏဆိုသလို ဒဏ်ရာတွေ ရနေရာမှာ ကလော့ပ် ရဲ့ လီဗာပူးအသင်းက အဆိုးဆုံးလို့ ဆိုရမှာပါ။

ဒီအပေါ်မှာတော့ လီဗာပူးနည်းပြ ကလော့ပ်က လူစားလဲမှုကို ၃ဦးမှ၅ဦးတိုးပေးသင့်ကြောင့် အင်္ဂလန် အက်ဖ်အေ ကို တောင်းဆိုနေတာ ဖြစ်ပြီး ဒီလိုမှ မဟုတ်ရင် ယူရို ၂၀၂၀ပြိုင်ပွဲမှာ ပေးဆပ်မှု ကြီးမားသွားလိမ့်မယ်လို့ သတိပေး ပြောဆိုလာပါတယ်။

“လူ၃ဦးလဲခွင့်ရနေတာနဲ့ပတ်သက်ပြီး အစောပိုင်းကတည်းက ဆွေးနွေးပြီးသွားပါပြီ၊အခုဆိုရင် အသင်းတိုင်းက ၃ရက် တစ်ပွဲနှုန်းနဲ့ ကစားနေရပါတယ်၊ ဒီအခြေအနေက လူတိုင်းအတွက် မတူညီတဲ့ ခြားနားချက်တွေ မကြာခင် မှာ ခံစားလာရပါတော့မယ်။သေချာတာကတော့ လာမယ့်နွေရာသီမှာ ဆောက်ဂိတ်ပြဿနာတက်ပါပြီ။သူလိုချင် တဲ့ အကောင်းဆုံး ကစားသမားတွေ အားလုံးဟာ ၃ရက်တစ်ပွဲနှုန်း ကစားနေရလို့ ပွဲပန်းနေကြပါပြီ။ဒီအတိုင်းသာ ဆိုရင် သူဘာရမလဲ ‌စောင့်ကြည့်ပါမယ်။”လို့ ကလော့ပ်က ‌ပြောပါတယ်။

ပရီမီးယားလိဂ်အနေနဲ့ မနှစ်က ဘောလုံးရာသီမှာ ကိုဗစ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားအပြီး ပြန်လည်စတင်ချိန် လူစားလဲမှုကို ၃ဦးမှ ၅ဦးအထိ တိုးမြှင့်ပေးခဲ့ပါတယ်။

ယခုနှစ်မှာတော့ အဆိုပါ ဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ပြီး ၃ဦးသာ လဲခွင့်ပေးခဲ့ပေမယ့် ပွဲချိန်တွေကတော့ ၃ရက်တစ်ပွဲနှုန်းဖြစ်နေလို့ ကစားသမားတွေ ပွဲပန်းပြီး လက်ရှိမှာတော့ ကလော့ပ်ရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဗန်ဒိုက်၊ဖာဘင်ဟို၊အယ်လ်ကန်တာရာ၊အာနိုးလ်၊အယ်လီဆန်၊စတဲ့ အဓိက ကစားသမားတွေ ဒဏ်ရာ ကြောင့် နားနေရပါပြီ။

လီဗာပူးအသင်းကတော့ ယခုနှစ် ပရီးမီးယားလိဂ်မှာ ၁၀ပွဲကစား ၆ပွဲနိုင်၃ပွဲသရေ၁ပွဲရှုံးပြီး ရမှတ် ၂၁မှတ်နဲ့ စပါးအသင်းနှင့်ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၂မှာ ရပ်တည်နေရပါတယ်။

Share

Loading Next Article...
က္က