သူ့ရဲ့ ငယ်ဘဝအိပ်မက်လေးကို ပြောပြလာပါတယ်။

အေးမြတ်သူကတော့ ငယ်စဉ်ကတည်းက အလှမယ် တစ်ယောက်ဖြစ်ချင်ခဲ့တာဆိုပြီးတော့ သူ့ရဲ့ အိပ်မက်လေးကို အခုလို ပြောပြလာပါတယ်။ 

Photo: Aye Myat Thu



အေးမြတ်သူဟာ လက်ရှိပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ် အလှအပလေးကို ကြည့်ရင်း ကိုယ်တိုင်လည်း ကျေနပ်နေရတယ်လို့ဆိုပါတယ်။ သူမက ငယ်ငယ်တုန်းက နိုင်ငံ့ဂုဏ်ဆောင် အလှမယ် တစ်ယောက်ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့အကြောင်းပြောပြခဲ့ပါတယ်။ 

" တောင့်တင်းခိုင်မာတဲ့ပေါင်တံ၊ ကျစ်လစ်တဲ့တင်းပါး၊ သေးသွယ်တဲ့ခါး ကို ပိုင်ဆိုင်ချင်တာ မမြတ်လေးရဲ့ ငယ်ဘဝ အိမ်မက်တစ်ခုပါ။ ခုတော့လမ်းစလေးမြင်ရပြီရှင့် ထပ်ကြိုးစားရမယ်။ နိုင်ငံ့ဂုဏ်ဆောင် Miss ဖြစ်ချင်ခဲ့တာလည်း ရူးသွပ်မှုတစ်ခုပေါ့။ လက်ရှိနိုင်ငံ့ဂုဏ်ဆောင်ခွင့်ရမယ့်ညီမတွေ နဲ့ နောင်ကိုနိုင်ငံ့ ဂုဏ်ဆောင်ခွင့်ရမယ့်ညီမတွေ အများကြီးကြိုးစားစေချင်တယ်။ အစ်မလို အသက်ကြီးတဲ့ အမျိုးသမီး က ကြိုးစားချင်ပေမယ့် အခွင့်အရေးမရတော့ဘူး။ အခွင့်အရေးရှိတဲ့ညီမတွေ ကြိုးစားပေးကြပါနော်။ အင်တာနေရှင်နယ်အဆင့်မမှီတဲ့ အရပ် နဲ့ ကြီးရင့်လာတဲ့အသက်နံပါတ်တွေကြောင့် ကိုယ့်ဘော်ဒီ ကိုတော့ အင်တာနေရှင်နယ်နေမှီအောင် ကြိုးစားနေပါတယ်လို့" ဆိုပြီးတော့ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် (၁၀) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Aye Myat Thu

အေးမြတ်သူက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက မော်ဒယ်လ်တစ်ယောက်အနေနဲ့ စတင်လုပ်ကိုင်ခဲ့တာပါ။ သူဟာ အလှမယ်တစ်ယောက်မဖြစ်ခဲ့ပေမယ့် သရုပ်ဆောင် ပညာနဲ့ ပတ်သက်ပြီး " နောင်တွင်ဥဒါန်းတင်စေသတည်း" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ပထမဆုံးအကြိမ် ရရှိထားပါသေးတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ 

Photo: Amazing Grace

သူမဟာ လက်ရှိ ကိုဗစ်ကာလမှာလည်း We Love Yangon အဖွဲ့သားတွေနဲ့ ပူးပေါင်းပြီး ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်ကိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရတဲ့ နေရာ ဒေသတွေကိုလည်း ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် ရုပ်ရှင်သက်ကြီး ဘိုးဘွားများနဲ့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ရုပ်ရှင်လောကသားတွေအတွက်ကိုလည်း ရုပ်ရှင်အစည်းအရုံးကနေတဆင့် ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။


 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က