တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

အဲဗာတန်အသင်းအနေနဲ့ အဖွင့်ပွဲမှာ စပါးကို အနိုင်ယူပြီး အထင်ကြီးစရာ ခြေစွမ်းပြခဲ့သော်လည်း နောက်ပိုင်းမှာ ခြေစွမ်းပိုင်း ကျဆင်းလာပြီး သရေပွဲနဲ့ ရှုံးပွဲတွေ ဆက်လာပါတယ်။

နည်းပြကြီး အန်ဆယ်လော့တီရဲ့ အဲဗာတန်အသင်းဟာ ဘန်လေအသင်းကို တစ်ဖက်တစ်ဂိုးစီသာ ကစားနိုင်ခဲ့တာ ကြောင့် ရမှတ် ၁၇မှတ်နဲ့ အဆင့် ၇နေရာမှာ ရပ်တည်နေပါတယ်။



အဲဗာတန်အနေနဲ့ လိဒ်ယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ပွဲကို အကောင်းဆုံး ပြန်လည်နိုးထနိုင်ခဲ့ခြင်း မရှိပဲ ယခုပွဲမှာ လည်း နောက်ကလိုက်ပြီးမှ သရေပွဲ ဖြစ်ခဲ့ပါတာပါ။

အဲဗာတန်အသင်းအနေနဲ့ ရာသီအစက နည်းပြ အန်ဆယ်လော့တီကိုင်တွယ်စဥ် စပါးအသင်းကိုတောင် အနိုင်ရယူခဲ့ လို့ အားလုံးရဲ့ အထင်ကြီးခြင်းကို ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အချိန်အနည်းငယ် ကြာလာတာနဲ့အမျှ တိုက်စစ်က ဂိုးသွင်းနိုင်အား ကျဆင်းလာပြီး ရှုံးပွဲတွေလည်း ဆက်လာပါတယ်။

လိဒ်၊ယူနိုက်တက်၊ကာဆယ်၊ဆောက်သမ်တန်တို့ကို ရှုံးနိမ့်ခဲ့ပြီး ယခုလည်း ဘန်လေကို သရေသာ ကစားနိုင်ခဲ့တာ ကြောင့် အဲဗာတန်ရဲ့ ခြေစွမ်းက မေးခွန်းထုတ်စရာ ကောင်းလာပါတယ်။

တစ်ဖက်မှာလည်း ဘန်လေအသင်းဟာ နိုင်ပွဲတစ်ပွဲသာရထားပြီး ယနေ့မှာ အဲဗာတန်ကို ဦးဆောင်ဂိုးသွင်းပြီးမှ သရေသာ ကစားနိုင်ခဲ့ပါတယ်။

အိမ်ရှင် ဘန်လေအနေနဲ့ အဲဗာတန်ကို သရေသာ ကစားနိုင်လို့ တန်းဆင်းဇုန်က ရုန်းမထွက်နိုင်ပဲ ရမှတ် ၆မှတ်နဲ့ အဆင့် ၁၉မှာသာ ဆက်လက်ရပ်တည်နေပါတယ်။

အဲဗာတန်အသင်းကလည်း အနိုင်ရပါက အဆင့် ၄အထိ တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး အဆင့် ၇မှာသာ တစ်ပွဲပိုကစားပြီး ယာယီအနေအထားမျိုးနဲ့ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က