သွင်းဂိုး နှစ်ဂိုးစလုံး သူပါဝင်ပတ်သက်ခဲ့ပါတယ်။

စတားလင်းကတော့ ဖူဟမ်အသင်းဖက်ကို သွင်းယူခဲ့တဲ့ ၂ဂိုးစလုံးမှာ ပါဝင်ပတ်သက်ထားနိုင်ခဲ့သူ ဖြစ်ပြီး တစ်ဂိုး သွင်းကာ ဒီဘရိုင်း ကန်သွင်းတဲ့ ပင်နယ်တီကို ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဖူဟမ်အသင်းကို အိမ်ကွင်းမှာ ၂-၀ဂိုးနဲ့ အနိုင်ရခဲ့လို့ အမှတ်ပေးဇယား အဆင့် ၄နေရာကို ယာယီ တက်လှမ်းနိုင်ခဲ့ပါတယ်။



မန်စီးတီးအတွက် ဂိုးတွေကိုတော့ စတားလင်းနဲ့ ဒီဘရိုင်းတို့က သွင်းယူခဲ့တယ်ဆိုပေမယ့် နှစ်ဂိုးစလုံးက စတားလင်းကြောင့် ရခဲ့တာပါ။

ပွဲအစ ၅မိနစ်မှာပဲ ဒီဘရိုင်းရဲ့ ဖန်တီးပေးပို့မှုကတဆင့် စတားလင်းက မန်စီးတီးအတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး ၂၆ မိနစ်မှာတော့ ဒီဘရိုင်းက ပင်နယ်တီမှ တဆင့် ဒုတိယအနိုင်ဂိုးကို သွင်းခဲ့ပါတယ်။

ဒီပင်နယ်တီကိုတော့ စတားလင်းကြောင့် ရရှိခဲ့တာ ဖြစ်လို့ မန်စီးတီးအတွက် အနိုင်ဂိုး ၂ဂိုးစလုံးဟာ စတားလင်း ကြောင်းရခဲ့တာလို့ ဆိုရမှာပါ။

အခြားတစ်ဖက်မှာလည်း ဒီဘရိုင်းက တစ်ဂိုးဖန်တီးပြီး တစ်ဂိုးသွင်းယူခဲ့လို့ သူတို့ နှစ်ဦးစလုံးက ဒီနေ့ပွဲမှာ အသင်း ကို အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ကြသူတွေပါ။

စတားလင်းအနေနဲ့ ထူးခြားချက်ကတော့ ဒီနေ့ပွဲမှာ ပင်နယ်တီ ရရှိစေခဲ့တာဟာ ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ပြစ်ဒဏ်ဘော အများဆုံး ရရှိစေတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

စုစုပေါင်း အကြိမ်ရေ ၂၀အထိ ရရှိနိုင်ခဲ့ပြီ ဖြစ်ပြီး ဒါဟာ ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက်မှာ အခြားသူတွေထက် ပင်နယ်တီ ပြစ်ဒဏ်ဘော ကျူးလွန်ခံရမှု ပိုများနေခဲ့တာပါ။

မန်စီးတီးကတော့ ဖူဟမ်ကို အခုလို အနိုင်ယူနိုင်ခဲ့တာဟာ အစဥ်အလာကောင်းတစ်ရပ်ကို ဆက်လက်ထိန်းသိမ်း နိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ဖူဟမ်အသင်းနဲ့ တွေ့ဆုံထားတဲ့ နောက်ဆုံး ၁၀ကြိမ်စလုံး အနိုင်ယူထားနိုင်ပြီ ဖြစ်ပါ တယ်။

ဒါ့အပြင် မနက်ဖြန်မှာ ကစားမယ့် စပါး-အာဆင်နယ်ပွဲကိုလည်း အနိုင်ရလဒ်နဲ့အတူ ဖိအားတစ်စုံတရာ ပေးထား နိုင်ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က