ဒီရာသီအဝေးကွင်းစွမ်းဆောင်ရည်က သိသိသာသာကောင်းမွန်နေခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ ဘရိုက်တန်၊ နယူးကာဆယ်၊ အဲဗာတန်၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်းတို့ကို အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲတွေမှာ တစ်ပွဲကို အနည်းဆုံး ၃ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဝက်စ်ဟမ်းကို အနိုင်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၉ ပွဲဆက်တိုက်အနိုင်ရရှိတဲ့ စံချိန်ကို တင်နိုင်ခဲ့ပါတယ်။ ၁-၀ နဲ့ အရေးနိမ့်မှုကနေ ယူနိုက်တက်က ၃ ဂိုးပြန်လည်သွင်းယူကာ နိုင်ပွဲရခဲ့ပြီး အဆင့် ၄ နေရာအထိ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဝက်စ်ဟမ်းက ပထမပိုင်းမှာ ဦးဆောင်ဂိုးသွင်းထားခဲ့ပြီး ယူနိုက်တက်တို့ ပြန်လည်ချေပနိုင်ဖို့ ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ဆိုးလ်ရှားက ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်ကို ထည့်သွင်းခဲ့ကာ အသင်းကစားဟန်နဲ့ ပုံစံကိုပြောင်းလဲပစ်ခဲ့ပြီးနောက် ဂိုးတွေဆက်တိုက်ရရှိခဲ့ပြီး ဆောက်သမ်တန်နဲ့ပွဲကလို come back နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့ကာ ၃ မှတ်ရယူသွားခဲ့ပါတယ်။

ပေါ့ဂ်ဘာရဲ့ လှပတဲ့ကန်သွင်းချက်နဲ့ ချေပဂိုးရအပြီး ဂရင်းဝုဒ်က တော်တော်လေးကောင်းမွန်တဲ့ အဆုံးသတ်စွမ်းရည်နဲ့ ဦးဆောင်ဂိုး၊ ရက်ရှ်ဖို့ဒ်ရဲ့ လူကျွံထောင်ချောက်ကိုဖောက်ထွက်ပြီး သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ ယူနိုက်တက်က အနိုင်ယူခဲ့ပါတယ်။ အသင်းသမိုင်းမှာ အဝေးကွင်းနိုင်ပွဲဆက်စံချိန်သစ်ကို ရယူနိုင်ခဲ့ရုံမက အဆိုပါပွဲတွေမှာ ယူနိုက်တက်က ၂ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ စံချိန်ကိုပါ ရယူနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ဒီရာသီမှာ ဘရိုက်တန်၊ နယူးကာဆယ်၊ အဲဗာတန်၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်းတို့ကို အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲတွေမှာ တစ်ပွဲကို အနည်းဆုံး ၃ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အိမ်ကွင်းရလဒ်တွေနဲ့ ခြားနားကာ အဝေးကွင်းမှာ ပိုမိုစွမ်းဆောင်ရည်ကောင်းမွန်နေခဲ့ပြီးတော့ သူတို့ရဲ့ အဝေးကွင်းရလဒ်တွေက တော်တော်လေးကို အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းမွန်နေခဲ့ပါတယ်။ 

ပိုမိုပြီးထူးခြားခဲ့တာကတော့ ယူနိုက်တက်ဟာ အဆိုပါအဝေးကွင်းပွဲအားလုံးမှာလည်း ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပြီးမှ နောက်ကလိုက်ကစားကာ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေနဲ့အတူ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ရမှတ်ဆုံးရှုံးနေမှုကနေ ပြန်လည်ရယူနိုင်မှုမှာ အကောင်းဆုံးအသင်းအဖြစ် ရမှတ် ၃၈၅ မှတ်အထိရရှိခဲ့ကာ စပါးရဲ့ ၃၈၃ မှတ်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က