လီဗာပူးနည်းပြ ကလော့ပ်က လူစားလဲမှုကို ၃ဦးမှ ၅ဦးထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေခဲ့တာ ဖြစ်ပြီး ယခုအခါ အက်ဖ်အေက လိဂ်မှာတော့ ခွင့်မပြုသေးပဲ အက်ဖ်အေဖလား ပြိုင်ပွဲမှာတော့ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ကစားသမားတွေ ဒဏ်ရာနေရမှုကို ခုသာခံသာ ရှိစေဖို့အတွက် ရှုံးထွက်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲမှာ လူစားလဲမှုကို ၅ဦးထိ တိုးမြှင့် ခွင့်ပြုပေးသွားမယ်လို့ အင်္ဂလန် အက်ဖ်အေက အတည် ပြု ထုတ်ပြန်လိုက်ပါတယ်။
ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းများဟာ ဥရောပရဲ့ အဓိက ပြိုင်ပွဲကြီးတွေအပြင် အင်္ဂလန်ရဲ့ ပြည်တွင်း အက်ဖ်အေဖလား ပြိုင်ပွဲမှာပါ လူစားလဲမှု ၅ခုရရှိတော့မှာ ဖြစ်ပြီး ပြည်တွင်းလိဂ်မှာတော့ ခွင့်မပြုသေးပေ။
ကိုဗစ်ကြောင့် ပွဲချိန်တွေ ကြပ်တည်းလာချိန်မှာ ကစားသမားတွေ ပွဲပန်းမှုဒဏ် ပိုမို ခံစားရပြီး မကြာခဏဆိုသလို ဒဏ်ရာတွေ ရရှိလာတဲ့အပေါ် လီဗာပူး နည်းပြ ကလော့ပ်က လူစားလဲမှုကို ၃ဦးမှ ၅ဦးအထိ တိုးမြှင့်ပေးဖို့ တောင်း ဆိုနေခဲ့တာပါ။
အခုလိုမျိုး ၃ဦးမှ ၅ဦး တိုးမြှင့်တဲ့ကိစ္စကို ကလပ်အသင်း ၁၅သင်းက မန်နေဂျာတွေက သဘောတူ လက်ခံခဲ့ပေမယ့် ၅ဦးကတော့ သဘောတူ လက်ခံခဲ့ခြင်း မရှိဘူးလို့လည်းသိရပါတယ်။ လက်ရှိ စည်းမျဥ်းအရ အနည်းဆုံး ကလပ်အသင်း ၁၄သင်းက သဘောတူ လက်ခံပါက စည်းမျဥ်းသစ်ကို အကောင် အထည်ဖော်နိုင်တဲ့အတွက် အခုလိုမျိုး လုပ်ဆောင်ရခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
ဘာပဲ ဖြစ်ဖြစ် လီဗာပူးနည်းပြ ကလော့ပ်ရဲ့ တင်ပြချက်ဟာ အက်ဖ်အေအတွက် စဥ်းစားစရာ တစ်ခု ဖြစ်ခဲ့ပြီး ပရီး မီးယားလိဂ်မှာ အသုံးမပြုသေးသည့်တိုင် အက်ဖ်အေဖလားမှာ အသုံးပြုစေခဲ့တဲ့အတွက် အနည်းငယ် အသက် ရှု ချောင်ခဲ့တယ်လို့ ဆိုရမှာပါ။