အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားတော့မှာပါ။

ယူနိုက်တက်က သူတို့ရဲ့ကွင်းလယ်လူကို အသင်းမှာရေရှည်ဆက်ရှိနေဖို့အတွက် လုပ်ခလစာ ၂ဆအထိတိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုသွားဖို့ စီစဉ်နေကာ ဖာနန်ဒက်စ်အနေနဲ့ တစ်ပတ်လုပ်ခပေါင်နှစ်သိန်းအထိရရှိမယ်လို့ သိရပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီမှာအသင်းကိုရောက်လာပြီးနောက်ပိုင်း အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။ ပေါ်တူဂီကွင်းလယ်လူဟာ ဆိုးလ်ရှားအတွက် မရှိမဖြစ်အရေးပါတဲ့ ကစားသမားအဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။ 

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကိုရောက်ရှိခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၃၈ ပွဲမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၃၆ ဂိုးအထိရှိနေခဲ့ပြီး သွင်းဂိုး ၂၂ ဂိုးနဲ့ ဖန်တိးမှု ၁၄ ကြိမ်အထိ ရရှိခဲ့ပါတယ်။ ဒါဟာ သူရောက်ရှိလာချိန်ကစပြီး ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားထက်မဆို သွင်းဂိုးပါဝင်ပတ်သက်မှု ၅ ကြိမ်အထိ များပြားနေခဲ့တယ်လို့လည်း Opta က ဖော်ပြခဲ့ပါတယ်။ 

အခုလိုခြေစွမ်းပြနေတဲ့ ဖာနန်ဒက်စ်ကို ဘာစီလိုနာ၊ ရီးရဲလ်တို့က စောင့်ကြည့်နေပြီလို့ Mirror က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်က သူတို့ရဲ့ကွင်းလယ်လူကို အသင်းမှာရေရှည်ဆက်ရှိနေဖို့အတွက် လုပ်ခလစာ ၂ဆအထိတိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုသွားဖို့ စီစဉ်နေကာ ဖာနန်ဒက်စ်အနေနဲ့ တစ်ပတ်လုပ်ခပေါင်နှစ်သိန်းအထိရရှိမယ်လို့ သိရပါတယ်။ 

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူဟာ လက်ရှိမှာ တစ်ပတ်လုပ်ခပေါင်တစ်သိန်းသာရရှိနေသူဖြစ်ပြီး လင်ဂတ်နဲ့ အရန်ဂိုးသမားဒင်းဟန်ဒါဆန်တို့ရရှိနေတဲ့ ပမာဏနဲ့တူညီနေတာဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ရဲ့ခြေစွမ်းပြနေမှုတွေအတွက် ချီးမြှောက်မှုအနေနဲ့ လစာတိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဖို့ ခြေလှမ်းပြင်ပြီး အသင်းမှာထိန်းသိမ်းသွားတော့မှာဖြစ်ပါတယ်။ 

ဒီရာသီမှာလည်း ဖာနန်ဒက်စ်က အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ကာ အသင်းရဲ့တစ်လတာအကောင်းဆုံးကစားသမားဆု၊ အလှပဆုံးသွင်းဂိုးဆုတွေကိုလည်း လောလောလတ်လတ်ဆွတ်ခူးထားပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က