ဂီရော့ဒ်ကတော့ ချဲလ်ဆီးအတွက် ပွဲထွက်ခွင့်ရတဲ့ လိဂ်၆ပွဲဆက် ဂိုးသွင်းယူနိုင်ထားပါတယ်။

အီဗရာကတော့ ဂီရော့ဒ်ဟာ ချဲလ်ဆီးအတွက် အကောင်းဆုံး တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး အမြဲတမ်း သူ့ရဲ့ ကစားပုံ နဲ့ပတ်သက်ပြီး ပြင်သစ်မှာလည်း မေးခွန်းထုတ်လေ့ရှိကြတယ်လို့ ဆိုပါတယ်။

အိုလီဗီယာဂီရော့ဒ်ရဲ့ နာမည်ကို ဂီရော့ဒင်ဟိုလို့သာ ခေါ်တွင်ခဲ့ရင် လူတွေ အရမ်းကြိုက်နှစ်သက်ကြမယ့် ကစား သမားလို့ ယူနိုက်တက်နဲ့ ပြင်သစ်နောက်ခံလူဟောင်း အီဗရာက သုံးသပ်ပြောလာပါတယ်။



အသက် ၃၄နှစ်အရွယ် ပြင်သစ်သားကြီး ဂီရော့ဒ်ဟာလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဆီဗီလာနဲ့ ချန်ပီယံ လိဂ်ပွဲမှာ တစ်ဦးတည်း ၄ဂိုးသွင်းခဲ့သလို မနေ့က ကစားခဲ့တဲ့ လိဒ်နဲ့ပွဲမှာလည်း တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ဒါဟာ ချဲလ်ဆီးအတွက် ပွဲထွက်ခွင့်ရတဲ့ လိဂ် ၆ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ် ၁၉နှစ်အတွင်း ပထမဆုံး ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂီရော့ဒ်ဟာ ချဲလ်ဆီးနည်းပြ လမ်းပတ်ရဲ့ တတိယမြောက် ကြိုက်နှစ်သက်ခြင်းခံရတဲ့ ကစားသမား အဖြစ် တီမိုဝါနာ၊အေဘရာဟင်တို့ရဲ့ နောက်မှာသာ ရှိနေပါတယ်။

ဒါကြောင့် ဂီရော့ဒ်အနေနဲ့ လာမယ့် ဇန်နဝါရီစျေးကွက်မှာ အသင်းပြောင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ ပါတယ်။

ဒီအပေါ်မှာတော့ နည်းပြ လမ်းပတ်က သူ့မှာ ဂီရော့ဒ်နဲ့ ပတ်သက်ပြီး လျှို့ဝှက်အစီအစဥ်တစ်ခုရှိပြီး လူတွေကို ချပြဖို့ အချိန်‌ကောင်းတစ်ခုစောင့်နေတာလို့ ပြန်လည်ချေပခဲ့ပါတယ်။

တကယ်ပဲ ဂီရော့ဒ်ဟာ လမ်းပတ်ကအတွက် လျှို့ဝှက်အစီအစဥ်တစ်ခုအဖြစ် ထိန်ချန်ထားသလား ထင်မှတ်ရ လောက်အောင် ဂီရော့ဒ်ဟာ ကစားခွင့်ပေးလိုက်တဲ့အချိန်မှာတော့ အားလုံးကို အံ့အားသင့်အောင် လုပ်ပြနိုင်ခဲ့ပါ တယ်။

“ကျွန်တော်ထင်ပါတယ်၊သူ့မှာ ပြဿနာတစ်ခုပဲ ရှိပါတယ်၊အဲ့ဒါက သူ့နာမည်ပါ။သူ့နာမည်ကို ဂီရော့ဒင်ဟိုလို့သာ ပေးခဲ့ရင် အခုချိန်မှာ လူတိုင်းက သူ့ကို ကြိုက်နှစ်သက်နေကြမှာြမင်ယောင်ပါတယ်။ကျွန်တော့်အတွက်တော့သူ ဟာ ကျွန်တော် နားမလည်နိုင်လောက်တဲ့ အရည်အချင်းတွေနဲ့ ပြည့်နေတဲ့ ချဲလ်ဆီးအတွက် အကောင်းဆုံး တိုက် စစ်မှူးပါပဲ။ပြင်သစ်မှာဆိုလည်း လူတိုင်းက သူ့စတိုင်လ်ကို မေးခွန်းထုတ်လေ့ရှိပါတယ်။ အာဆင်နယ်မှာရှိတုန်းက လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ဒါပေမယ့် အမြဲတမ်း ဝေဖန်သံတွေကို သူကျော်လွှားခဲ့တာကိုက သူ့ကို ချစ်ရတဲ့ အချက်ပါပဲ။”လို့ အီဗရာက သုံးသပ်ပြောခဲ့ပါတယ်။

ဂီရော့ဒ်ဟာ စနေနေ့က လိဒ်နဲ့မကစားခင် ပရီးမီးယားလိဂ်မှာ ၄၇မိနစ်သာ ပါဝင်ကစားပေးထားနိုင်ခဲ့သူပါ။ဆီဗီလာ ကို တစ်ဦးတည်း ၄ဂိုးသွင်းပြပြီး ခြေစွမ်းပြခဲ့တဲ့ ပွဲကတော့ သူ့အတွက် ယခုနှစ် ၂၀၂၀-၂၁ ဘောာလုံးရာသီမှာ ဒုတိယမြောက်ပွဲထွက်ခွင့်ရတဲ့ပွဲဖြစ်ပါတယ်။

ပထမဆုံး ပွဲထွက်ခွင့်ရထားတဲ့ပွဲကတော့ စပါးနဲ့ ကစားခဲ့တဲ့ ကာရာဘောင်ဖလား ရှုံးထွက်ပြိုင်ပွဲမှာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ လိဒ်ပွဲမတိုင်ခင် ၄၇မိနစ်သာ ကစားထားနိုင်တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က