ပရိသတ်တွေကတော့ ဝမ်းသာလို့နေကြပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော်၊မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဖွေးဖွေးကတော့ Untact 2020 Asia Model Festival ပွဲကြီးမှာ "Asia Special Award” ဆုကို ရရှိခဲ့တာပါ။


Photo- Asia model festival



ဖွေးဖွေးက တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့မှာပြုလုပ်တဲ့ 2020 Asia Model Festival ကြီးမှာ "Asia Special Award ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ Covid 19 ကာလ ဖြစ်လို့ ဆုပေးပွဲကိုတော့ မသွားဖြစ်ခဲ့ပေမယ့် ဆုတံဆိပ်ကတော့ သူမလက်ထဲရောက်လို့နေပါပြီလို့ ဆိုပါတယ်။

“Thank You untact 2020 Asia Model Awards in Seoul !Thank You For choosing me .Covid 19 ကာလ ဖြစ်လို့ Seoul ကို မသွားရ​တော့ပဲAsia Special Award ဆုကတော့ Korea ကလှမ်းပို့လိုက်လို့ ဖွေးလက်ထဲရောက်နေပါပြီရှင့်နောက်နေ့မှ ကျေးဇူးတင်စကားကို စာရှည်ရှည်ရေးပြီး အမှတ်တရပုံရိုက်ပြီးတင်တော့မယ်ရှင့်။ Heeeee so happyyyy Epic heartfelt Thanks to JBJ Entertainment too။ဖွေးကို ဒီ Career တ​လျှောက်လုံးချစ်​ပေး အား​ပေးခဲ့ကြတဲ့ ဆရာ,မိဘ,​ဖွေးကို ချစ်​ပေးသူ Darlings, Oopsies တဦးတ​ယောက်ချင်းစီ တိုင်း အတွက် ယူတဲ့ ဆု​လေးပါရှင်.။I hope you are proud of me ... It's all love...” ဆိုပြီးသူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ (၅) ရက်နေ့ ညက ရေးသားထားတာတွေ့ရပါတယ်။


Photo : Phway Phway

Asia Model Festival ဆုပေးပွဲကြီးမှာ ဆုရခဲ့တဲ့ ဖွေးဖွေးအတွက် ပရိသတ်တွေကတော့ ဝမ်းသာပီတိဖြစ်လို့နေကြပါတယ်။

Untact 2020 Asia Model Festival Face of Asia ကို ကိုရီယားနိုင်ငံမှာ နှစ်စဥ်နှစ်တိုင်း ပြုလုပ်လေ့ ရှိပြီး မြန်မာနိုင်ငံက အနုပညာရှင်တွေလည်း တက်ရောက်ခွင့်ရခဲ့ပါတယ်။ဒီနှစ်မှာတော့ ကိုဗစ်ကူးစက်ရောဂါ အခြေအနေကြောင့် နိုင်ငံတကာ အနုပညာရှင်တွေကို ဖိတ်ကြားခြင်း မရှိတော့ဘဲ အွန်လိုင်းကနေ ကျင်းပပြုလုပ်သွားတာ တွေ့ရပါတယ်။ Asia Model Award ဆုပေးပွဲကြီးဟာ နှစ်စဉ်နှစ်တိုင်း ကိုရီးယားနိုင်ငံမှာ ကျင်းပလေ့ရှိပြီး အာရှမှာအောင်မြင်သူများကိုရွေးချယ်ပြီး ဆုပေးအပ်တဲ့ ပွဲကြီးလည်းဖြစ်ပါတယ်။

Photo : Phway Phway

ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က