ကင်မရာအိမ်နဲ့ ထုလည်း ဧရာမအရွယ်အစားဖြစ်လာနိုင်ပါတယ်

တောင်ကိုရီးယားနည်းပညာကုမ္ပဏီတစ်ခုဟာ 600MP sensor တစ်မျိုး ဖန်တီးနေတယ်လို့ စမတ်ဖုန်းသတင်းခန့်မှန်းသူတစ်ဦးဖြစ်တဲ့ IceUniverse က ဆိုပါတယ်။

စမတ်ဖုန်း tipster တစ်ဦးဖြစ်တဲ့ IceUniverse ရဲ့ Twitter မှာ Samsung ဟာ 600MP sensor ကို အမှန်အကန်လုပ်နေပြီလို့ ရေးခဲ့တာပါ။ 4K နဲ့ 8K Video Recording တွေ ခေတ်စားလာချိန်မှာ ISOCELL 600MP sensor ကို Samsung က တီထွင်နေတာလို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။ 




Photo: GSMArena

Samsung အနေနဲ့ ကုမ္ပဏီရဲ့ ISOCELL ကို Camera Bump အိမ် ပြဿနာဖြေရှင်းဖို့ပါ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ GSMArena သတင်ကတော့ 1/0.57 inch အရွယ်အစား sensor ဟာ နောက်ဘက် Back Panel ပြင်ရဲ့ ၁၂% ကို လွှမ်းခြုံသွားမယ်လို့ ထောက်ပြထားပါတယ်။ ပေါ်ဘက်ကင်မရာထုကလည်း ၂၂ မီလီမီတာအထိ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ 

ကင်မရာ sensor ကြီးလာသလို ကင်မရာစွမ်းရည်လည်း ပိုကောင်းလာမှာပါ။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ထွက်လာခဲ့တဲ့ 48MP ၊ 64MP နဲ့ 108MP ကင်မရာ sensor တွေ ခေတ်စားလာပြီး ကင်မရာလုပ်ဆောင်ချက်ဟာလည်း အဆင့်မြင့်သထက် မြင့်လာပါတယ်။ 600MP sensor ဟာ လူမျက်လုံးမြင်နိုင်တာထက် ပိုပြီး အသေးစိတ် ဖမ်းယူနိုင်မယ်လို့ Samsung ရဲ့ Sensor Business Team အကြီးအကဲ ယောင်ဂင်ပါ့ခ်က ပြောခဲ့ဖူးပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ 600MP sensor သုံး စမတ်ဖုန်းတွေ တွေ့ရမလားဆိုတာကတော့ ရင်ခုန်စရာပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က