သူတို့ရဲ့ ပီတိလေးကို ပြောပြလာပါတယ်။

“ မိန်းကလေးတိုင်းက လှချင်ကြတယ်၊ ခန္ဓာကိုယ်မှာ အမာရွတ်တစ်ခု ရှိရင်တောင် ပေါ်သွားနိုင်လား ဆိုတာမျိုး ခံစားရတယ်။ အခုကျတော့ မျက်စိက အစစ်နဲ့ အတုတောင် ခွဲလို့ မရတော့ ကလေးလည်း ပျော်မှာပေါ့နော်”ဆိုပြီး မျက်စိတစ်ဖက်လှူဒါန်းခဲ့တဲ့ ပီတိလေးကို ဝေမျှပေးခဲ့ပါတယ်။

ချောရတနာကတော့ ညီမငယ်လေး သန္တာဗိုလ်နဲ့ အတူ မိခင်ကြီး ကွယ်လွန်သွားတာ (၈) လပြည့် အမှတ်တရ အနေနဲ့ မျက်စိတစ်ဖက် မမြင်ရတဲ့ မိန်းကလေး တစ်ဦးအတွက် မျက်လုံးတု တစ်ဖက် သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒီအလှူကိုတော့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းပေါ်မှာရှိတဲ့ နွေးထွေးဂေဟာမှာ ပြုလုပ်ခဲ့တာပါ။



 “ ဒီနေ့ လုပ်ဖြစ်တဲ့ အလှူ အမေဆုံးတာ (၈)လပြည့်အတွက် ရည်ရွယ်ပြီးတော့ အလှူလုပ်တာပါ။ မေမေက ပကာသနမပါတဲ့ အလှူလေးတွေ လုပ်ရတာကို ကြိုက်တယ်။ သူကြိုက်တဲ့ အလှူလေးတွေ၊ သူလုပ်ချင်ခဲ့တဲ့ အလှူလေးတွေကို ညီအစ်မ နှစ်ယောက်က အခုလို တိုင်ပင်ပြီးတော့ အလှူလုပ်ဖြစ်တာပါ။ မျက်စိ လှူဖို့ကိုလည်း ဖေ့စ်ဘွတ်မှာ Post လေးတစ်ခု တွေ့တုန်းက လှူချင်ပေမယ့် လှူခွင့်မရသေးဘူး။ အခုကျတော့ သူငယ်ချင်း ဆုကဗျာ ရဲ့ အကူအညီနဲ့ ဒီအလှူလေးကို အကောင်အထည် ဖော်ဖြစ်သွားတာပါ” လို့ Duwun ကို ပြောပြခဲ့ပါတယ်။ 

မိန်းကလေး တစ်ယောက်ရဲ့ လိုအပ်မှုကို ဖြည့်ဆည်း ပေးခွင့်ရတဲ့ အလှူဖြစ်တာကြောင့်လည်း ဝမ်းသာ ပီတိဖြစ်ရတယ်လို့ ချောရတနာက ပြောပါတယ်။ 

“ မိန်းကလေးတိုင်းက လှချင်ကြတယ်၊ ခန္ဓာကိုယ်မှာ အမာရွတ်တစ်ခု ရှိရင်တောင် ပေါ်သွားနိုင်လား ဆိုတာမျိုး ခံစားရတယ်။ အခုကျတော့ မျက်စိက အစစ်နဲ့ အတုတောင် ခွဲလို့ မရတော့ ကလေးလည်း ပျော်မှာပေါ့နော်။ သူတို့ရဲ့ ရင်ထဲမှာ စိတ်အားငယ်နေတာလေး တစ်ခုတော့ လျှော့သွားမယ် ထင်တယ်။ အစ်မ တို့ ကိုယ်တိုင်ကလည်း အမေ့အတွက် ရည်ရွယ်ပြီး လှူတဲ့ အခါမှာ ဝမ်းမြောက်ဝမ်းသာ စိတ်ထဲမှာ အတတ်နိုင်ဆုံး ထားပြီးတော့ အလှူလုပ်ပေးတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာက ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ ၂၀၁၂ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပါဘူး။ အဲဒီနောက် ဒုတိယရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်၂၀၁၈ ခုနှစ်ကစပြီး အနုပညာအလုပ်တွေကို ကြော်ငြာရိုက်ကူးရေးတွေကနေတဆင့် ပြန်လည် လုပ်ကိုင်လာတာ တွေ့ရပါတယ်။

အဲဒီနောက် ချောရတနာလိုပဲ သန္တာဗိုလ်ကလည်း အနုပညာလောကမှာ အောင်မြင်တဲ့ မော်ဒယ်လ် တစ်ယောက်အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။ ချစ်သူဖြစ်တဲ့ ကောင်းပြည့်နဲ့လည်း အချစ်ရေးမှာ ခိုင်ခိုင်မာမာ ရပ်တည်လာတဲ့ အနုပညာစုံတွဲ တစ်တွဲဖြစ်ပါတယ်။ သန္တာဗိုလ်ကအခုဆိုရင် ပရိသတ် အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က