ဇာတ်ကား အတူတွဲရိုက်ခဲ့တဲ့ ပီတိကို ပြောပြလာပါတယ်။

သရုပ်ဆောင် ထူးခန့်ကျော်ကတော့ သူ့ရဲ့ စီနီယာ ၊ဆရာသမားတစ်ဦးဖြစ်တဲ့ နေမျိုးအောင်ရဲ့ အနုပညာပေါ် ထားတဲ့ စိတ်၊ကြိုးစားတဲ့စိတ်တွေကို ကြည့်ပြီး လေးစားအားကျနေတာ ဖြစ်ပါတယ်။ 

Photo: Htoo Khant Kyaw



ထူးခန့်ကျော်ကတော့ စီနီယာ အနုပညာရှင်တစ်ဦးလည်းဖြစ်၊ သူကိုယ်တိုင်လည်း လေးစားအားကျရတဲ့ သရုပ်ဆောင် နေမျိုးအောင်အပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ နေမျိုးအောင်ရဲ့ အနုပညာ စိတ်ဓာတ်ကိုလည်း ကိုယ်တိုင် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ 

" ဦးကျော်ဟိန်းကိုတော့ အနုပညာဘီလူးကြီးလို့တင်စားသလို ကျွန်တော်ကတော့အစ်ကိုနေမျိုးအောင်ကို လေးစားစွာဖြင့် အနုပညာသရဲကြီးလို့တင်စားပါရစေ အိုက်တင်နဲ့ပတ်သက်သောအရာမှန်သမျှကြိုက်တာလာခဲ့ သနားတယ်ဆိုတဲ့သရဲကြီး ဒီလောကမှာဦးကျော်၊ ကိုသားကြီး၊ ကိုကျော်ရဲအောင်၊ ကိုနေမျိုးအောင် အဲ့ဒီ သရုပ်ဆောင်တွေဟာ အနုပညာလောကမှာတော့ရှားပါးရတနာမျိုးတွေပါ။ အစ်ကိုနေမျိုးအောင်နဲ့ အနုပညာ လုပ်ငန်းမှာဆုံဖူးတယ်ဆိုပေမယ့် မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲမှာတော့နေတိုင်းဆုံဖူးကြတယ်။ အနုပညာနဲ့ပတ်သက်လာရင်အရမ်းကြိုးစားတယ်။ သူ့ကိုယ်သူ မသနားဘူး သူဘာဖြစ်သွားမလဲ ဆိုတာလည်း သူမတွေးမိဘူး။ အနုပညာနဲ့သာဆိုရင်သေသေကြေကြေဆိုတဲ့ အနုပညာသမားစစ်ပေါ့။ စိတ်ရင်းအင်မတန် ကောင်းသလိုအနုပညာအခြေကလဲခိုင်လွန်းလှတယ်လေ" ဆိုပြီးတော့ ဒီဇင်ဘာလ (၇) ရက်နေ့ နေ့လယ် ၂ နာရီ ခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Htoo Khant Kyaw

လက်ရှိမှာတော့ ထူးခန့်ကျော်ဟာ နေမျိုးအောင်နဲ့ တွဲဖက်ပြီး “ မမှီဝဲနဲ့ ကင်းအောင်နေ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲဟာ ထူးခန့်ကျော်အတွက် အနုပညာလောကထဲကို နောက်တစ်ကြိမ် ခြေလှမ်းစတင်လိုက်တဲ့ ဇာတ်ကားဖြစ်သလို နေမျိုးအောင်ရဲ့ လက်ဆွဲ ခေါ်ဆောင်မှုတွေလည်း ပါတဲ့အတွက် ကျေးဇူးတင်စကား ဆိုလာပါတယ်။ 

"မည်သူ့ကိုမဆိုအနုပညာနဲ့ပတ်သက်လာရင်သွန်သင်ပြသပြီးလက်ဆွဲခေါ်ဆောင်သူ၊ ဘာသာတရားကိုင်းရှိုင်းသူ ဖြစ်သလို မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့ဇာတ်လမ်းတွဲမှာတော့ဆရာဦးဟိန်းစိုး၊ ဆရာဦးမောင်သီတို့နဲ့ ပေါင်းဖက်ပြီး ဦးခင်ဖေအဖြစ်သရုပ်ဆောင်ထားတာအရမ်းပီပြင်လှသော ရှားပါးသရုပ်ဆောင်ကြီးပါ။ မထင်မှတ်ပဲ ဒီဇာတ်လမ်းတွဲမှာအစ်ကိုနေမျိုးအောင်နှင့်အတူ ပါဝင်သရုပ်ဆောင်ခွင့်ရလို့လည်း အထူးပင်ပီတိဖြစ်မိပါတယ်။ ကျွန်တော်၏Fbမှအမျိုးအပေါင်းသူတော်ကောင်းတို့ကလည်းဦးခင်ဖေခေါ်အကိုနေမျိုးအောင်(အနုပညာသရဲကြီး)ကိုအားပေးကြပါအုံးလို့ ရိုသေလေးစားစွာဖြင့်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။

Photo: Htoo Khant Kyaw

နေမျိုးအောင်ကိုတော့ အက်ရှင်မင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ အနုပညာသက်တမ်းကလည်း နှစ်(၂၀) ခန့်ရှိပြီဖြစ်ပါတယ်။ ဒီလိုပဲ ထူးခန့်ကျော်ကိုလည်း ပရိသတ်တွေက အက်ရှင်မင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူဟာ အနုပညာလောကနဲ့လည်း နှစ် အနည်းငယ် ဝေးကွာခဲ့ပါသေးတယ်။ အခုချိန်မှာတော့ " မမှီဝဲနဲ့ ကင်းအောင်နေ" ဆိုတဲ့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ် အရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။



ဆက်စပ်အကြောင်းအရာများ

Share

က္က