အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းမှာရှိစဥ် ပရီးမီးယားလိဂ် ၃ကြိမ် အက်ဖ်အေဖလား ၇ကြိမ်နဲ့ အခြားဆု ဖလားပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၈ခုနှစ်မှာ အသင်းနဲ့ လမ်းခွဲခဲ့သူပါ။
၂၀၁၈ခုနှစ် မေလမှာ အသင်းနဲ့ လမ်းခွဲထားခဲ့ပြီး ဖြစ်တဲ့ ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးကို လက်ရှိ ကလပ် အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ဗန်ကတေးရှန် ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့တယ်လို့ talkSPORT သတင်း ဌာနက ဖော်ပြလာပါတယ်။
အာစင်ဝင်းဂါးဟာ ၁၉၉၆ခုနှစ်မှာအာဆင်နယ်အသင်းထံ ရောက်ရှိလာခဲ့ပြီး ၁၉၉၈၊၂၀၀၂နဲ့၂၀၀၃ခုနှစ်တွေမှာ ပရီး မီးယားလိဂ်ဆုဖလားတွေကို ရယူပေးနိုင်ခဲ့သူပါ။
၂၀၀၃-၀၃ ဘောလုံးရာသီမှာဆိုရင် အာဆင်နယ်အသင်းဟာ လိဂ်ရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလားကိုဆွတ်ခူးခဲ့တာ ဖြစ်ပြီး ယနေ့တိုင် တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်ထားနိုင်ဆဲ ဖြစ်ပါတယ်။
မိုနာကိုအသင်းရဲ့ နည်းပြဟောင်းတစ်ဦးလည်း ဖြစ်သူ ဝင်းဂါးဟာ ၂၀၀၆ခုနှစ်မှာလည်း အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးဆီ ပထမဆုံးအကြိမ် ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။
အဲ့ဒီတုန်းက ကံမကောင်းစွာဖြင့် တစ်ယောက်ထုတ်ခံခဲ့ရကာ ဦးဆောင်ဂိုးရပြီးမှ ၂-၁ဂိုးနဲ့ ဘာစီလိုနာကို အရေးနိမ့် ပြီး ချန်ပီယံဆုကို လက်လွှတ်ဆုံးရှုံးခဲ့ရတာပါ။
ဒါပေမယ့်လည်း ၂၀၁၈ခုနှစ် မေလမှာတော့ အသက် ၇၁နှစ်အရွယ်အာစင်ဝင်းဂါးကို သူ့ရဲ့ ၂၂နှစ်တာ ကလပ်အ သင်း အတွက် တာဝန်ထမ်းဆောာင်ခဲ့တာတွေကို ပရိသတ်တွေက အနားယူစေချင်ခဲ့ပါတယ်။
ဒါကို ကလပ်အသင်းဖက်ကလည်း အပြောင်းအလဲတစ်ခု လုပ်ချင်တဲ့အတွက်ကြောင့် ဝင်းဂါးကိုအနားပေးခဲ့ပြီး ၂၂ နှစ်အကြာမှာ ဒုတိယမြောက် နည်းပြ တစ်ဦးကို ပြောင်းလဲခဲ့ပါတယ်။
ဒီအခြေအနေမှာ ဝင်းဂါးအနေနဲ့ ခံပြင်းသွားခဲ့ဟန်ရှိပြီး ယနေ့တိုင် အာဆင်နယ်အသင်းရဲ့ ပွဲစဥ်တွေကို လုံးဝမ ကြည့်တော့အောင်ကို အာင်ဆင်နယ်အသင်းအပေါ် ခံစားချက် ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာတော့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ဗန်ကတေးရှန်ကိုယ်တိုင် အာစင်ဝင်းဂါးထံသွားရောက်တွေ့ဆုံပြီး အာစင်ဝင်းဂါးပြန်လာမယ်ဆိုရင် အမြဲတမ်း ကြိုဆိုကြောင်းသွားရောက်ပြောကြားခဲ့တယ်လို့လည်း သတင်းထွက်ပေါ်လာပါတယ်။
သို့သော်လည်း ဒီလိုတွေ့ဆုံမှုမှာ သဘောတူညီချက် တစ်စုံတရာ မရရှိခဲ့ပဲ အာစင်ဝင်းဂါးဟာ အသင်းအပေါ်မှာခံ ပြင်းနေဆဲ ဖြစ်ကြောင်းလည်း သိရပါသေးတယ်။
“ဘယ်တော့မှ ပြန်လာမယ်မထင်ပါဘူး။ဒါက သူ့ကို ဖြုတ်ချခဲ့တဲ့ အသင်းဘုတ်အဖွဲ့ကို သူဘယ်လောက် မုန်းတီး နေလဲဆိုတာ ပေါ်လွင်စေမှာပါ။သူနဲ့ အသင်းနဲ့ကြားမှာလည်း ကောင်းမွန်တဲ့ အဆုံးသတ်တစ်ခု မဖြစ်ခဲ့ပါဘူး။”လို့ အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ထုတ်ဖော်ပြောလာခဲ့ပါသေးတယ်။
အာဆင်နယ်အသင်းကတော့ လက်ရှိမှာ နည်းပြ အာတီတာကို ခန့်အပ်ထားပြီး ရလဒ်တွေ ဆိုးရွားနေတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီအချိန်မှာ အသင်းရဲ့ အမှုဆောင်ချုပ်က ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးကို ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး အသင်းကို ပြန်လာရင် အမြဲတမ်း တံခါးဖွင့်ထားပါတယ်လို့ ဆိုတာဟာ အာဆင်နယ်ပရိသတ်တွေနဲ့ ပြိုင်ဖက် အသင်းတွေအတွက် တွေးစရာ တစ်ခု ဖြစ်လာစေမှာပါ။
Share