ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုက်ဇစ်နဲ့ အဝေးကွင်းမှာကစားရမှာဖြစ်ပြီး အရေးနိမ့်ခဲ့ပါက ယူရိုပါလိဂ်ကိုဆင်းကန်ရမယ့် အခြေအနေမှာရှိနေကာ ဒီလိုအချိန်မှာ ပေါ့ဂ်ဘာနဲ့ ပတ်သက်ပြီး ရွိုင်အိုလာရဲ့ ပြောဆိုမှုက အသင်းကို မတည်မငြိမ်ဖြစ်စေမှာလည်းဖြစ်ပါတယ်။
နာမည်ကျော်အေးဂျင့်တစ်ဦးဖြစ်တဲ့ ရွိုင်အိုလာက သူ့ရဲ့ကစားသမားဖြစ်သူ ပေါ့ဂ်ဘာရဲ့ ယူနိုက်တက်အနာဂတ်ဟာ ပြီးဆုံးသွားပြီလို့ ပြောဆိုလိုက်ပါတယ်။ အဆိုပါပြောဆိုမှုဟာ အီတလီသတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းသတင်းအဖြစ် ရှိနေခဲ့ပြီး ဂျူဗင်တပ်စ်ကို ပေါ့ဂ်ဘာပြန်လည်ရောက်ရှိလာတော့မယ်လို့ ရေးသားမှုတွေလည်းရှိခဲ့ပါတယ်။
Tuttosport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရွိုင်အိုလာက ပြောဆိုခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းအတွက်ကတော့ ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုက်ဇစ်နဲ့ အဝေးကွင်းမှာကစားရမှာဖြစ်ပြီး အရေးနိမ့်ခဲ့ပါက ယူရိုပါလိဂ်ကိုဆင်းကန်ရမယ့် အခြေအနေမှာရှိနေကာ ဒီလိုအချိန်မှာ ပေါ့ဂ်ဘာနဲ့ ပတ်သက်ပြီး ရွိုင်အိုလာရဲ့ ပြောဆိုမှုက အသင်းကို မတည်မငြိမ်ဖြစ်စေမှာလည်းဖြစ်ပါတယ်။
ရွိုင်အိုလာက "ယူနိုက်တက်မှာ ပေါ့ဂ်ဘာရဲ့ အနာဂတ်က ပြီးဆုံးသွားပြီလို့ ကျွန်တော်ပြောနိုင်တယ်၊ သူက ယူနိုက်တက်မှာ မပျော်ရွှင်တော့ပါဘူး၊ သူ့အတွက် အသင်းသစ်လိုအပ်တယ်၊ ပတ်ဝန်းကျင်အသစ်လိုအပ်ပါတယ်၊ သူ့မှာ ၁၈ လသာ ကျန်တော့တဲ့ စာချုပ်သက်တမ်းရှိနေပြီး ၂၀၂၂ နွေရာသီဆိုရင် သူ့ရဲ့ စာချုပ်က ပြီးဆုံးပါပြီ"
"ဒီတော့ ယူနိုက်တက်အနေနဲ့ ဒီကာလမှာ ကစားသမားကို ရောင်းချဖို့ ပြင်ဆင်ရတော့မှာပါ၊ ဒီလိုမှမဟုတ်ရင် အလွတ်ပြောင်းခွင့်ပေးရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရမှာမို့ သူတို့ဒီလိုအဖြစ်ခံမှာမဟုတ်ပါဘူး၊ လက်ရှိအခြေအနေကို နားမလည်ဘူးဆိုရင် အဲဒီလိုက ဘောလုံးအကြောင်းဘာမှမသိသူပဲဖြစ်ပါလိမ့်မယ်၊ ပေါ့ဂ်ဘာအသင်းပြောင်းခဲ့ရင် ဒီလိုလူတွေ ကျွန်တော့်ကို အပြစ်တင်လည်း တင်ခွင့်ပေးလိုက်ပါ" လို့ ရွိုင်အိုလာကပြောဆိုခဲ့ပါတယ်။
ပေါ့ဂ်ဘာကတော့ ပြီးခဲ့တဲ့နှစ်အတွင်းကလည်း အသင်းကနေထွက်ခွာချင်တယ်လို့ လူသိရှင်ကြားပြောဆိုခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က သူ့ကို အသင်းမှာဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီနောက်မှာ ပေါ့ဂ်ဘာက ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေခဲ့ရကာ အသင်းတွင်းမှာ အဆင်မပြေမှုတွေရှိနေခဲ့ပြီး အဆုံးသတ်မှာ အေးဂျင့်ဖြစ်သူရဲ့ ပြောဆိုမှုတွေက ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။