Chevrolet က ယူနိုက်တက်ရဲ့ အဓိကစပွန်ဆာလည်းဖြစ်ပါတယ်။

သူ့ကိုဝယ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပေါင်သန်း ၁၀၀ ခန့်နဲ့ ဂျူဗီက ပြန်လည်ရောင်းချဖို့စဉ်းစားနေပြီး ယူနိုက်တက်ဘက်ကသာ ခေါ်ယူမယ်ဆိုရင် Chevrolet က ကူညီပေးဖို့ အသင့်ရှိနေတာလည်းဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့ကစားသမားဟောင်းရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် အသင်းရဲ့အဓိကစပွန်ဆာဖြစ်တဲ့ Chevrolet က ဘဏ္ဍာရေးပိုင်းအရ အကူအညီပေးသွားဖို့ရှိနေကြောင်း Daily Mail ရဲ့ ဖော်ပြချက်အရသိရှိရပြီး ဒီသတင်းဟာ ယူနိုက်တက်ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပြီဖြစ်ပါတယ်။ 



ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာ ၆ နှစ်ကြာကစားခဲ့သူဖြစ်ပြီး ၂၉၂ ပွဲကစားပေးခဲ့ကာ ၁၁၈ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဖလား ၃ လုံး၊ ချန်ပီယံလိဂ်ဖလား တစ်လုံးနဲ့ အခြားဆုဖလား ၃လုံးအထိ ရော်နယ်ဒိုက ဆွတ်ခူးနိုင်ခဲ့ကာ ဘလွန်းဒီအောဆုကိုလည်း ယူနိုက်တက်ကစားသမားဘဝနဲ့ ပထမဆုံးအကြိမ်ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ အသက် ၃၆ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုက ဂျူဗင်တပ်စ်အတွက် ဒီရာသီမှာ ၁၀ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အနေနဲ့ ရော်နယ်ဒိုရဲ့ ခြေစွမ်းအပေါ်မှာ ကျေနပ်မှုရှိပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဘဏ္ဍာရေးထိခိုက်မှုတွေကြောင့် ပြန်လည်ရောင်းချသွားဖို့ကို စဉ်းစားနေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

ရော်နယ်ဒိုအတွက် တစ်နှစ်လုပ်ခ ပေါင် ၂၈ သန်းအထိ ဂျူဗင်တပ်စ်က ပေးချေနေရတာဖြစ်ပြီး ဒါဟာ ဘဏ္ဍာရေးထိခိုက်ချိန်မှာတော့ တော်တော်လေးများပြားတဲ့ ပမာဏဖြစ်လာခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူ့ကိုဝယ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပေါင်သန်း ၁၀၀ ခန့်နဲ့ ဂျူဗီက ပြန်လည်ရောင်းချဖို့စဉ်းစားနေပြီး ယူနိုက်တက်ဘက်ကသာ ခေါ်ယူမယ်ဆိုရင် Chevrolet က ကူညီပေးဖို့ အသင့်ရှိနေတာလည်းဖြစ်ပါတယ်


Chevrolet ကတော့ ၂၀၁၄ ခုနှစ်ကစတင်ကာ ယူနိုက်တက်ကို စပွန်ဆာပေးခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကြောင့် ဂျူဗင်တပ်စ်ရဲ့ အဓိကစပွန်ဆာဖြစ်ပြီး သူတို့ရဲ့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Jeep ဟာ အကျိုးသက်ရောက်မှုတွေအများကြီးရရှိခဲ့တယ်လို့ Chevrolet က ယုံကြည်နေပါတယ်။ ဂျူဗီကလည်း ရော်နယ်ဒိုကို ခေါ်ယူအပြီး တစ်ပတ်အကြာမှာပဲ မီလန်စတော့စျေးကွက်အတွင်း အသင်းရှယ်ယာက ၃၀% အထိကို ခုန်တက်သွားခဲ့ပါတယ်။ 


ဒါကြောင့် ရော်နယ်ဒိုကို ယူနိုက်တက်က ခေါ်ယူခဲ့မယ်ဆိုရင် ကလပ်အသင်းအတွက်ရော၊ သူတို့အတွက်ပါ အကျိုးကျေးဇူးဖြစ်လာနိုင်မှာဖြစ်လို့ Chevrolet ဘက်က ငွေရေးကြေးရေးအရ ကူညီပေးဖို့ကို အသင့်ရှိနေတာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က