ဇေရဲထက်ကတော့ မျှော်လင့်မထားတဲ့ အချိန်မှာ ချစ်သူရဲ့ Birthday Surprise လေးကြောင့် အရမ်းကို ပီတိဖြစ်လို့နေပါတယ်။
Photo: Zay Ye Htet
သရုပ်ဆောင် ဇေရဲထက်ကတော့ ချစ်သူရှိနေပြီဆိုတာကို ပရိသတ်တွေကို အသိပေးထားပြီးသားဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ဟာ ဇန်နဝါရီလ ၅ ရက်နေ့မှ ကျရောက်မှာဖြစ်ပြီး တစ်လကြိုတင် Surprise လုပ်တာခံလိုက်ရတဲ့အတွက် အရမ်းပျော်နေတယ်လို့ ဆိုပါတယ်။
" Covidကြောင့် မလာနိုင်ပေမယ့် သတိတရ မွေးနေ့ပွဲ ကို အရင်ဆုံးလုပ်ပေးခဲ့တယ်။ မွေးနေ့တောင် မရောက်သေး၊ လုံးဝ ထင်မထားခဲ့ဘူး၊ အရမ်းပျော်တာထက် ဝမ်းနည်းသလိုကြီး လုံးဝမသိခဲ့တာ Thank my lover . hotel ထက် တန်ဖိုးကြီးတွေထက် ခမ်းနားတဲ့ မွေးနေ့ စပရိုတ်လေး အရမ်း ကျေနပ်ပျော်ရွှင်ရပါတယ်" ဆိုပြီးတော့ ဒီဇင်ဘာလ (၇) ရက်နေ့ ည (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Zay Ye Htet
လက်ရှိမှာတော့ ဇေရဲထက်ဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့အတွက် သူ့ရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ လယ်ဝေးမြို့အတွက် ဂုဏ်ဆောင်နိုင်ခဲ့ပြီလို့Duwun ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူဟာ အသက်(၁၇) နှစ်ကတည်းက ဘဝကို တစ်ယောက်တည်း ရုန်းကန်လာရသူဖြစ်တာကြောင့် ကြုံတွေ့ခဲ့ရတဲ့ အရာတွေကိုလည်း မကြာခဏ ပြောပြလေ့ရှိပါတယ်။ သူ့ရဲ့ ဘဝအခက်အခဲတွေကို သိလိုက်တဲ့ အချိန်မှာ လူငယ်တွေကို သင်ခန်းစာတစ်ခု ရစေချင်တဲ့ ဆန္ဒရှိတယ်လို့လည်း သူက ပြောခဲ့ဖူးပါသေးတယ်။
Photo: Zay Ye Htet
ဇေရဲထက်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ရုပ်ရှင်ချောမောလွန်းတာကြောင့် လူကြီးလူငယ် ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိခဲ့တာဖြစ်ပြီး TV ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးခဲ့ရတာကို တွေ့ရပါတယ်။ အခုချိန်မှာတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။