ဒီဇင်ဘာလ (၁၄)ရက်နေ့ တစ်ပတ်သတ်မှတ်ခဲ့တာပါ။

ကိုဗစ်-၁၉ ကူးစက်မှုများလာတဲ့ တောင်တွင်းကြီးမြို့ကို ဒီကနေ့ ဒီဇင်ဘာလ (၈)ရက်နေ့ကစပြီး Stay at Home အဖြစ် တစ်ပတ်သတ်မှတ်ခဲ့ပါတယ်။

တောင်တွင်းကြီးမှာ ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်းကူးစက်မှုတွတွေ့ရှိနေတာကြောင့် ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရန် အခုလိုသတ်မှတ်ခြင်း ဖြစ်တယ်လို့သိရပါတယ်။



“ ဒီကပိုးတွေ့လူနာတွေတွေက အနံ့ပျောက်သူတွေနဲ့ သူတို့နဲ့ ထိတွေ့ခဲ့တဲ့သူတွေကိုထပ်စစ်ရာမှာတွေ့ရှိနေတာဆိုတော့ ဒေသတွင်းကူးစက်မှုတွေဖြစ်နေတာ။ အခု Stay at Home သတ်မှတ်တာကလည်း မြို့ပေါ်ရပ်ကွက်(၁၀)ရပ်ကွက်ပါ။ဒီကနေ့ကစပြီး (၁၄)ရက်နေ့ထိ တစ်ပတ်သတ်မှတ်ထားတယ်။ ဒီကာလအတွင်းမှာတော့ ပြည်သူတွေအနေနဲ့ အတက်နိုင်ဆုံး အိမ်ထဲမှာနေပေးကြပါ။ ပြည်သူတွေလိုက်နာမှလည်း ကူးစက်မှုကထိန်းချုပ်နိုင်မှာပါ”လို့ တောင်တွင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်းက Duwun ကိုပြောပါတယ်။

တောင်တွင်းကြီးမှာ ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်လို့ ဆေးစစ်ရာကနေ အယောက် (၂၀)ကျော် ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် စည်းကမ်းတင်းကြပ်ခဲ့တာဖြစ်ပါတယ်။ Stay t Home သတ်မှတ်ထားတဲ့ တစ်ပတ်အတွင်း လူနာတွေ့ရှိမှု လျော့နည်းမလာဘူးဆိုရင် ထိန်းချုပ်နိုင်တဲ့အထိ စည်းကမ်းချက်တွေကို တင်းကြပ်သွားမှာလို့ သိရပါတယ်။ တောင်ကြီးတွင်းမြို့နယ်မှာ ယနေ့အထိ ကိုဗစ်လူနာ (၁၀၀)ကျော်ရှိပြီး ရောဂါပျောက်ကင်းလို့ဆေးရုံကဆင်းသွားတဲ့သူတွေလည်းရှိသလို လက်ရှိကုသမှုခံယူနေသူအားလုံးကလည်း ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က