ကျပ် သိန်း (၅,၀၀၀) ရလိုမှုနဲ့ တရားစွဲဆိုတာပါ။

နေပြည်တော် Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီးယားအမှုမှာ ကျုးလွန်သူလို့ စွပ်စွဲခံရပြီး ဖမ်းဆီးချုပ်နှောင်ခံလိုက်ရတဲ့ကိုအောင်ကြီးမှာ သူရဲ့နစ်နာမှုနဲ့ထိခိုက်မှုတွေအတွက် သိန်း (၅,၀၀၀) ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

အမှုမှာ ကိုအောင်ကြီးက မမှန်မကန်တရားစွဲဆိုခံရမှုတွေအတွက် ခြောက်လဝန်းကျင် အချုပ်ကျခံရပြီး ဂုဏ်သိက္ခာ ကျဆင်းတာတွေ ရှိခဲ့တဲ့အပြင် အမှုအတွက် မိသားစုကုန်ကျစရိတ်တွေရှိတာကြောင့် လျော်ကြေးနဲ့ နစ်နာကြေးအဖြစ် တရားစွဲဆိုရတာဖြစ်တယ်လို့ အောင်ကြီးဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။



“ ကိုအောင်ကြီးက သိက္ခာချခံလိုက်ရတယ်။ သူဟာ ကလေးသူငယ်ကို မတော်တရားပြုကျင့်တယ်ဆိုတဲ့ အပြောခံရတယ်ဆိုတာက တွက်ချက်လို့မရတဲ့ နစ်နာမှုတွေပါ။ ဒါတွေကို လျော်ကြေး၊ နစ်နာမှုအဖြစ် တောင်းခံတာပါ။” လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဆိုပါတယ်။

ဒီလို အမှုဖွင့်တရားစွဲဆိုမှုတွေနဲ့ပတ်သက်ပြီး ဒက္ခိဏခရိုင်ရုံးကို တင်လိုက်ပြီးတဲ့နောက် တရားရုံးကနေ အမှှုနံပါတ် (၃၁၂/၂၀၂၀) တရားမကြီးအမှုအဖြစ် လက်ခံလိုက်ပြီး လာမယ့် (၁၈) ရက်နေ့မှာ တရားစွဲအဆိုလွှာကို စိစစ်နိုင်ဖို့ ရုံးချိန်း ချိန်းဆိုးထားတယ်လို့လည်း သိရပါတယ်။ ကိုအောင်ကြီးဟာ Wisdom Hill မူကြိုကျောင်းက အလုပ်လုပ်ကိုင်ခဲ့တဲ့ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာ ရဲတပ်ဖွဲ့က ကျုးလွန်သူလို့ ယူဆပြီး ခြောက်လနီးပါး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် ဒက္ခိဏခရိုင်တရားရုံးက ရုံးချိန်း (၁၃) ချိန် စစ်ဆေးကြားနားမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အပြစ်မကျုးလွန်ကြောင်း လက်ခံယုံကြည်ရတဲ့အတွက် (၂၀၁၉) ခုနှစ် ဒီဇင်ဘာ (၁၈) ရက်က သူ့ကို တရားရုံးက တရားရှင်လွှတ်ပေးခဲ့တယ်လို့လည်းသိရပါတယ်။ ကိုအောင်ကြီးဟာ အမှုကနေ လွတ်မြောက်ပြီး တစ်နှစ်အကြာမှာတော့ ရဲတပ်ဖွဲ့ကို သူ့ရဲ့နစ်နာမှုအတွက် ပြန်လည်တရားစွဲဆိုခံတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က