ဘီလစ်ကတော့ ဝက်စ်ဘရွန်းအသင်းကို အဆင့် ၁၉မှာသာ ရပ်တည်နေနိုင်အောင် စွမ်းဆောင်ပေးထားနိုင်ပြီး နယူး ကာဆယ်နဲ့ အဝေးကွင်းမှာ အနိုင်မရရင် တန်းဆင်းဇုန်က တက်ဖို့ ပိုခက်သွားတော့မှာဖြစ်ပါတယ်။
စနေနေ့မှာ ကစားရမယ့် နယူးကာဆယ်နဲ့ပွဲဟာ ဝက်စ်ဘရွန်းနည်းပြ ဘီလစ်အတွက်တော့ သူ့ရဲ့ နည်းပြ ရာထူး အတွက် အဓိက တိုက်ပွဲဝင်ရမယ့် အချိန်ဖြစ်နေပါပြီ။
ဝက်စ်ဘရွန်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယား အဆင့် ၁၉မှာ ဆင်းသက်ရပ်တည်နေရပြီး ၁၁ပွဲမှာ နိုင်ပွဲတစ် ပွဲသာ ရရှိထားတာပါ။
အင်္ဂလန်သတင်းဌာနတွေကတော့ စတိဗ်ဘရုစ်ရဲ့ နယူးကာဆယ်ကို ရှုံးနိမ့်ပါက ဘီလစ်ဟာ ယခုနှစ်ပရီးမီးယား လိဂ်မှာ ပထမဆုံး ထုတ်ပယ်ခံရမယ့် နညး်ပြ ဖြစ်လာမယ်လို့ ရေးသားဖော်ပြနေကြပါပြီ။
ဝက်စ်ဘရွန်းအသင်းဟာလည်း ဘီလစ်နေရာ အစားထိုးဖို့ နည်းပြသစ်တစ်ဦးကို ရှာဖွေထားနှင့်ပြီးလောက်ပြီလို့ Daily Mail က မှတ်သားဖော်ပြလာပါသေးတယ်။
ဘီလစ်နဲ့ ကလပ်အသင်းရဲ့ လူရွေးချယ်ရေး အဖွဲ့ဝင်တွေကြားမှာလည်း မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ခဲ့ခြင်း လုံးဝ မရှိခဲ့တာက ကလပ်အသင်းရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်စေပါတယ်။
ကစားသမား ၉ဦးထိ ခေါ်ယူခဲ့ပေမယ့်လည်း နည်းပြ ဘီလစ်က ဝပ်ကင်၊အီဘီရီချီနဲ့ ရော်ဘင်ဆင်တို့ကို ရောင်း ထုတ်ခဲ့ပါတယ်။
ဝက်စ်ဘရွန်းအသင်းအနေနဲ့ နယူးကာဆယ်ကို အနိုင်ရပြီး ဘန်လေနဲ့ ဖူဟမ်တို့ အနိုင်မရခဲ့ပါက တန်းဆင်းဇုန်ထဲ က စတင်ရုန်းထွက်နိုင်ပါမယ်။
လက်ရှိအချိန်မှာ ၁၁ပွဲကစားထားပြီးပေမယ့် ဝက်စ်ဘရွန်းအသင်း ကစားထားရတဲ့အသင်းတွေထဲမှာ ယူနိုက်တက်၊ စပါးအသင်းတို့လို အသင်းကြီးတွေကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့တာ ဖြစ်သလို ချဲလ်ဆီးအသင်းကိုလည်း ၃ဂိုးစီ သရေကစားထားနိုင်ခဲ့ပါတယ်။
နယူးကာဆယ်နဲ့ပွဲပြီးရင် မန်စီးတီး၊ဗီလာ၊လီဗာပူး၊လိဒ်၊အာဆင်နယ်အသင်းတို့နဲ့ ထပ်မံ ကစားရဦးမှာမို့ ဝက်စ်ဘ ရွန်းနဲ့ ဘီလစ်အတွက် မလွယ်ရေးချ မလွယ်ပါပဲ။
Share