ပရိသတ်တွေကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့ မှာထားပါသေးတယ်။

သက်မွန်မြင့်ကတော့ ရောဂါအခံရှိတဲ့ သူမအနေနဲ့ အခုချိန်မှာ ကျန်းမာရေးကို ပိုဂရုစိုက်နေရတယ်လို့ ဆိုပါတယ်။ 

Photo: Thet Mon Myint



သက်မွန်မြင့်ကတော့ ကိုဗစ်ကာလ အနုပညာအလုပ်တွေ ရပ်နားထားတဲ့ အချိန်မှာ သူမရဲ့ ပရိသတ်တွေကို Live လွှင့်ရင်း စကားတွေ အပြန်အလှန်ပြောလေ့ရှိပါတယ်။ သူမဟာ ကိုဗစ်ကာလမှာ ကျန်းမာရေးလည်း တော်တော် နေမကောင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အလုပ်တွေ နားထားရတဲ့ အချိန်ဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးကို ပိုဂရုစိုက်နေရတယ်လို့လည်း ပရိသတ်ကို ပြောပြခဲ့ပါသေးတယ်။ 

 “ အခုချိန်မှာ ဝိတ်ချဖို့ထက် ကျန်းမာရေးကောင်းအောင်နေမလား၊ လှအောင်နေမလားဆိုရင် ကျန်းမာရေးကောင်းအောင် နေဖို့က အဓိက ပါပဲ။ အခုဆို ကိုဗစ်ရောဂါကြီးတွေက ဖြစ်နေကြတော့ အကုန်လုံးကလည်း မကျန်းမာကြတာများတယ်။ မကျန်းမာတော့ စိတ်သွားတိုင်းလည်း ကိုယ်မပါဘူး။ တာဝန်တွေလည်း လစ်ဟင်းတယ်၊ လုပ်ပေးသင့်တဲ့ အရာတွေ၊ လုပ်ချင်တဲ့ အရာတွေ မလုပ်ရဘူး။ ဒါကြောင့် ကျန်းမာရေးကောင်းအောင်နေကြပါ၊ ကိုယ်ခံအားကောင်းအောင်နေပါ။ ကိုယ့်အတွက် ခွန်အားဖြစ်စေမယ့် အစား အစာတွေ စားပါ။ ပြီးရင် ဘယ်သွားသွား Mask အုပ်ပါ။ ဟိုတစ်နေ့ကဆိုရင် အင်းယားကန်ဘက်ကို ဖြတ်သွားတာ လူတွေ အများကြီးပဲ၊ ပန်းခြံတွေထဲမှာဆိုလည်း လူတွေ အများကြီးပဲ။ တချို့က Mask တပ်တယ်၊ တချို့က Mask မတပ်ဘူး။ ကိုယ်ကတော့ ရောဂါ အခံရှိတဲ့သူဆိုတော့ ကြောက်တယ်။ အိမ်မှာလည်း လူကြီးမိဘတွေ ရှိတယ်၊ ကလေးတွေလည်းရှိတယ်ဆိုတော့ တစ်ခုခုဖြစ်မှာ အရမ်းကြောက်တယ်။ အိမ်က အမျိုးသားကလည်း ကိုယ်က ရောဂါအခံရှိတဲ့သူဆိုတော့ သူ့အလုပ်တွေကို အခုထိ အိမ်မှာပဲ လုပ်တယ်” လို့ ဒီဇင်ဘာလ (၉) ရက်နေ့ ည ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ 

Photo: Thet Mon Myint

သက်မွန်မြင့်ဟာ သူ့ရဲ့ ဖေ့စ်ဘွတ် Live ကနေတဆင့် ပရိသတ်တွေကို ကျန်းမာရေး အထူးဂရုစိုက်ကြဖို့ ကိုလည်း အထပ်ထပ် မှာခဲ့ပါသေးတယ်။ ဒါ့အပြင် Mask တွေကို မေးစေ့အောက်ကို ဆွဲပြီး မတပ်ထားစေချင်သလို အဲ့လိုတပ်ထားခြင်းက ရောဂါပိုးဖြစ်ပွားရ လွယ်ကူစေတဲ့ နည်းလမ်းဖြစ်တယ်လို့ သက်မွန်မြင့်က ပြောပြခဲ့ပါသေးတယ်။ 

သက်မွန်ကတော့ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေလည်း ရပ်နားထားပေမယ့် သူမရဲ့ ကလေးပစ္စည်းဆိုင်က ပစ္စည်းလေးတွေကိုဟာ Online မှာ ရောင်းချပေးနေရတယ်လို့ သူမက ပြောပါတယ်။ အခုလိုကာလမျိုးမှာ လူတိုင်း အလုပ်အကိုင်တွေ ခက်ခဲလို့ စိတ်ညစ်နေကြရတာကြောင့် ပရီသတ်တွေကိုလည်း စိတ်ဓာတ်မကျဖို့ အားပေးစကားဆိုခဲ့ပါတယ်။ 

“ တစ်နေ့လုပ် တစ်နေ့စား ဆိုပေမယ့် သက်မွန်တို့လည်း တကယ်တမ်း ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ချမ်းသာနေတာလည်း မဟုတ်ဘူး။ ကျားကြီး ခြေရာကြီးပေါ့နော်။ ကိုယ် ဒီအလုပ်ကို လုပ်လို့ ရတဲ့ အမောက်က များတယ်ဆိုပေမယ့် ကုန်တဲ့ အမောက်ကလည်း အရမ်းများတယ်။ ကိုယ်လည်း အရမ်းချင့်ချိန်ရတယ် လှူတာ၊ စားတာ သောက်တာ၊ ကိုယ့်အနေအထားနဲ့ ကိုယ်ချိန်ရတာပဲ။ အထင်မကြီးနဲ့ သူတို့ကတော့ ချမ်းသာတာပဲ၊ သူတို့ကတော့ စားနိုင်သောက်နိုင်တယ် လုံးဝ အဲဒီလို မတွေးပါနဲ့။ ကိုယ်နေတဲ့ အတိုင်းအတာမှာ ကိုယ့်အပူနဲ့ ကိုယ့်အခက်အခဲတွေချည်းပဲ။ သက်မွန်ဆိုရင် အလုပ်လာအပ်တာတွေရှိတယ်၊ နေမကောင်းလို့ လုံးဝ မလုပ်ဘူး။ ပွဲ တစ်ပွဲဆိုလည်း ကျန်းမာရေး အသိပေးတဲ့ဟာဖြစ်တယ်၊ ဆရာဝန်နဲ့လည်း တွေ့ရမယ်၊ ပြီးတော့ ပွဲမှာလည်း အကုန်လုံးက ဂရုတစိုက်လုပ်တာ ဖြစ်တဲ့အတွက် ဒါမျိုးတော့ လက်ခံတယ်။ ဒါကလည်း ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုတော့ စိတ်ဓာတ်လုံးဝ မကျပါနဲ့။ ပြီးတော့ သက်မွန်လည်း ဝမ်းရေးအတွက် ဈေးရောင်းရတာပဲလေအပြင်ထွက်ရတာပါပဲ။ လုံးဝ အဲဒီလို မတွေးပါနဲ့”လို့ သက်မွန်မြင့်က ပြောခဲ့တာပါ။ 


Photo: Thet Mon Myint

သက်မွန်မြင့်ဟာ အနုပညာလောကထဲကို အသက်(၁၈) နှစ်ကတည်းက ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူမက VCD သီချင်းတွေမှာ စတင် သရုပ်ဆောင်ရင်း ပရိသတ်တွေ အားပေးမှု ရရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။လက်ရှိမှာ သာယာတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းတဲ့ သားတစ်ယောက်နဲ့သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ အကယ်ဒမီ မင်းသမီးချောလေး တစ်ဦးလည်း ဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က