တခြားဈေးကွက်တွေမှာ ဒီအစီအစဉ်မျိုး မိတ်ဆက်ဦးမလားး မသိရသေးပါဘူး

Samsung Galaxy S20 ဖုန်းတွေကို လပြတ်နဲ့ ငှားရမ်းသုံးစွဲနိုင်မယ့် အစီအစဉ်တစ်ခုကိူ ဂျာမနီနိုင်ငံမှာ စတင်လိုက်ပါတယ်။

Samsung နဲ့ Grover တို့ ပူးပေါင်းပြီး စမတ်ဖုန်းအငှားအစီအစဉ်တစ်ခု စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ တန်ဖိုးကြီး Samsung ဖုန်းတွေကို ၁ လ ၊ ၃ လ ၊ ၆ လနဲ့ ၁၂ လ အတိုင်းအတာနဲ့ ငှားရမ်းနိုင်မှာပါ။ ဖုန်းငှားတဲ့ ကာလကြာတာနဲ့အမျှ လစဉ် ငှားရမ်းခ နည်းနည်းလာမယ်လို့လည်း GSMArena သတင်းက ဆိုပါတယ်။



Photo: GSMArena


ဥပမာအားဖြင့် Galaxy S20 FE ကို တစ်လငှားမယ်ဆိုရင် ၅၉.၉၀ ယူရိုပေးရမှာ ဖြစ်ပြီး သုံးလအငှားနဲ့ ဆိုရင် တစ််လကို ၄၉.၉၀ ယူရိုပဲ ကျသင့်မှာပါ။ ၆ လနဲ့ တစ်နှစ်ဆိုရင် တစ်လကို ၃၉.၉၀ ယူရိုနဲ့ ၂၉.၉၀ ယူရိုစီ ကျသင့်မယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကနေ Galaxy S20 ၊ S20+ နဲ့ S20 Ultra တို့ကိုလည်း လပြတ်ငှားရမ်းနိုင်မှာပါ။

၁ လ ၊ ၃ လ ၊ ၆ လနဲ့ ၁၂ လ အငှားအစီအစဉ်အနေနဲ့ Galaxy S20 ကို တစ်လ ၉၉.၉၀ ယူရို ၊ ၆၉.၉၀ ယူရို ၊ ၅၉.၉၀ ယူရိုနဲ့ ၄၉.၉၀ ယူရိုစီ ကျသင့်ပါတယ်။ Galaxy S20+ ကတော့ ၁၀၉.၉၀ ယူရို ၊ ၇၄.၉၀ ယူရို ၊ ၆၄.၉၀ ယူရို နဲ့ ၅၄.၉၀ ယူရို သတ်မှတ်ထားပြီး Galaxy S20 Ultra ကိုတော့ ၁၁၉.၉၀ ယူရို ၊ ၉၉.၉၀ ယူရို ၊ ၇၉.၉၀ ယူရိုနဲ့ ၆၉.၉၀ ယူရိုနှုန်းထားတွေနဲ့ ငှားရမ်းနိုင်မှာပါ။

လောလောဆယ်မှာတော့ ဒီ Flagship ဖုန်းအငှားဝန်ဆောင်မှုကို ဂျာမနီမှာပဲ ပေးထားတာ ဖြစ်ပြီး နောက်ထပ် ဥရောပဈေးကွက်တွေ ဆက်တိုးချဲ့သွားဖို့ ရှိမရှိ မသိရသေးပါဘူး။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က