နွေရာသီအပြောင်းအရွှေ့ပစ်မှတ်ဖြစ်ခဲ့တဲ့ စပါးကွင်းလယ်ကစားသမား ဒယ်လီအလီကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ အငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းပြန်လည်ကြိုးပမ်းနေတယ်လို့ Daily Mail ရဲ့ဖော်ပြချက်အရသိရပါတယ်။
Photo: Daily Mail
နည်းပြမော်ရင်ညိုရဲ့အနာဂတ်အစီအစဉ်မှာ ပါဝင်ခြင်းမရှိတော့လို့ အသင်းကထွက်ခွာတော့မယ်လို့ သတင်းထွက်နေတဲ့ ဒယ်လီအလီကို အခြားအသင်းတွေထက်ပိုမိုလက်ဦးမှုရယူနိုင်ရန်အတွက် ပီအက်စ်ဂျီအသင်းက ရာသီဝက်အငှားစာချုပ်နဲ့ခေါ်ဖို့စတင်ကြိုးပမ်းလာတာလို့ Daily Mail ကဖော်ပြပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမား ဒယ်လီအလီဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်တစ်ပွဲတည်းသာပွဲထွက်စာရင်းမှာ ပါဝင်ခဲ့ပြီး ဒုတိယပိုင်းမှာလူစားလဲခံခဲ့ရပါတယ်။ အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို ၆-၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာတော့ ၂၁မိနစ်ကစားခွင့်ရခဲ့ပါတယ်။
Photo: Daily Mail
မနေ့ညက,ကစားခဲ့တဲ့ စပါးအသင်းရဲ့ယူရိုပါလိဂ်ပွဲစဉ်မှာလည်း အလီဟာ ပွဲမပြီးဆုံးခင်အရံခုံကထထွက်သွားတဲ့အတွက် နည်းပြမော်ရင်ညိုနဲ့ အဆင်မပြေမှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေလည်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ပီအက်စ်ဂျီအသင်းဟာ အလီကို နောက်လမှာခေါ်ယူနိုင်ဖို့ကြိုးပမ်းမှာဖြစ်ပြီး စပါးအသင်းနဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေလုပ်သွားမယ်လို့သိရပါတယ်။ အလီအနေနဲ့ကတော့ အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့ ယူရိုပြိုင်ပွဲဝင်လူစာရင်းမှာပါဝင်ခွင့်ရဖို့အတွက် ပွဲထွက်ကစားခွင့်ရနိုင်မယ့်အသင်းမှာကစားခွင့်ရဖို့မျှော်လင့်နေပါတယ်။