ရဲတပ်သားတစ်ဦးမှာ ပိုးတွေ့ရှိခဲ့ရာကနေပြီး အချုပ်သားတွေကို ရောဂါပိုးစစ်ဆေးခဲ့တာပါ။

ပဲခူးမြို့ အမှတ်(၂)ရဲစခန်းက ရဲတပ်သားတစ်ဦးနဲ့ အချုပ်သား (၆)ဦးတို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် စခန်းကို Lock Down ပြုလုပ်ထားတယ်လို့သိရပါတယ်။ 

ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ ရဲတပ်သားက အနံ့မရတာကြောင့် သူနဲ့ သူရဲ့အမျိုးသမီးကို ဆေးစစ်ခဲ့ရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ။

အဆိုပါ ရဲတပ်သားက အချုပ်ခန်းမှာ ကင်းစောင့်တာဝန်ယူရတာဖြစ်လို့ အချုပ်သားတွေကိုပါ ထပ်စစ်ဆေးရာ (၆)ဦးမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ ခု စခန်းကို Lock Down လုပ်ထားတတယ်။ ရဲတပ်သားတစ်ဦးမှာ ပိုးစတွေ့ခဲ့ရာက အချုပ်သားတွေမှာပါ တွေ့ရှိခဲ့တာ။ ပိုးတွေ့လူနာတွေကိုတော့ ဆေးရုံတွေပို့ဆောင်ထားပြီး စခန်းတစ်ခုလုံးကိုတော့ Lock Down လုပ်ထားတယ်”လို့ ပဲခူးမြို့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရွှေပုံက Duwun ကိုပြောပါတယ်။

ပဲခူးအမှတ် (၂)ရဲစခန်းကိုတော့ မနေ့ကစလို့ (၁၄)ရက်အတွင်း အဝင်အထွက်အသွားအလာကန့်သတ်လိုက်တာပါ။ ပိုးတွေ့အချုပ်သားတွေထားရှိတဲ့ဆေးရုံအဆောင်ဘေးမှာတော့ ရဲတပ်သားတွေနဲ့ လုံခြုံရေးချထားတယ်လို့ သိရပါတယ်။

ပဲခူးမှာ နေ့စဉ်ပိုးတွေ့လူနာအရေအတွက်များနေပြီး ပိုးတွေ့ရှိမှုများတဲ့ ရပ်ကွက်တွေကိုလည်း Semi Lock Down တွေပြုလုပ်ထားပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၁၁)ရက်နေ့မနက်ပိုင်းအထိ တစ်နိုင်ငံလုံး ပိုးတွေ့လူနာ (၁၀၄,၄၈၇)ဦးမှာ ပဲခူးက (၆,၁၀၇)ဦးပါဝင်ပါတယ်။


Share

Loading Next Article...
က္က